လှိုင်သာယာမြို့နယ်ရှိ နေရာနှစ်ခုတွင် မိနစ်ပိုင်းသာခြား၍ ဗုံးပေါက်ကွဲမှုများဖြစ်ပွားကာ ၆ ဦးဒဏ်ရာရ

0
399

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ အမှတ်(၇) ရပ်ကွက်နှင့် (၂၀)ရပ်ကွက်တို့တွင် ဒီဇင်ဘာ ၄ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီခန့်က အမှတ်(၇)ရပ်ကွက်ရှိ ရန်ကုန်-ညောင်တုန်းသွားကားပေါ် လမ်းဘေးတွင်ထောင်ထားသည့် လက်လုပ်ဗုံးပေါက်ကွဲခဲ့သဖြင့် ဖြတ်သန်းသွားသည့် အမျိုးသမီး ၂ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် ည ၇ နာရီခွဲခန့်တွင်လည်း (၂၀)ရပ်ကွက်၊ဗိုလ်တေဇလမ်းရှိ ဘောလုံးကွင်းရှေ့တွင်လည်း ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့သဖြင့် အမျိုးသား ၄ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ် ၂ ခုတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၂ ဦး(စုစုပေါင်း ၆ ဦး)တို့အား လူနာတင်ကားများဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဗုံးပေါက်တဲ့ ၂ ကြိမ်က နာရီဝက်လောက်ပဲခြားပြီးပေါက်သွားတာ ပေါက်ကွဲမှုလည်းဖြစ်ပြီးကော စစ်သားတွေရဲတွေအများကြီးရောက်လာပြီး စစ် ဆေးတာတွေလုပ်သွားကြတယ်”ဟု လှိုင်သာယာမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here