ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ဆယ်နှင့်ချီသည့် ဘင်ဂါလီ အလောင်းများတွေ့ရှိ

0
557

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဆယ်နှင့်ချီသော သေဆုံးနေသည့် ဘင်ဂါလီ အလောင်းများ ယနေ့ ဒီဇင်ဘာ (၅) ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လှည်းကူးမြို့နယ် ၊ ဘားလားကျေးရွာတွင် ယနေ့ ဒီဇင် ဘာ (၅) ရက် နံနက် (၇) နာရီဝန်းကျန်က သေဆုံးနေသည့် ဘင်ဂါလီ ရုပ်အလောင်း (၁၃) လောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” မနက်အစောကြီး လာပစ်ထားတာလို့ ပြောကြတယ်။ (၁၃) ယောက်ပေါ့။ ပြင်ပဒဏ်ရာတော့ မတွေ့ဘူး။ ဘယ် လို ဖြစ်သလဲတော့ မသိဘူး။ ရဲနဲ့ စစ်တပ်က လာစစ်ဆေးသွားတယ် ။ ဆေးရုံပို့လိုက်ပြီ ” ဟု ၎င်းက ဆိုသည်။

သေဆုံးနေသည့် ရုပ်အလောင်းများတွင် ပြင်ပဒဏ်ရာ တ စ်စုံတရာမတွေ့ရှိရဘဲ အောက်ဆီဂျင်ပြတ်ကာ သေဆုံးသ ည်ဟု ယူဆရသော်လည်း အတိအကျကို မပြောဆိုနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

သေဆုံးနေသည့် ရုပ်အလောင်းများတွေ့ရှိရသည့် နေရာမှာ လှည်းကူးမြို့နယ် ၊ ဘားလားကျေးရွာ ၊ တပင်ရွှေထီး လမ်းအနီးတွင် ယနေ့ နံနက်ပိုင်းက တွေ့ရှိရခြင်းဖြစ်ပြီး မည်သည့်အချိန်က လာရောက်စွန့်ပစ်ထားသည်ကို မသိ ရှိရကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် တရားမဝင် ဝင်ရော က်လာသည့် ဘင်ဂါလီများ မကြာခဏ ဖမ်းဆီးရမိလေ့ရှိပြီး ယခုသေဆုံးသူများသည်လည်း ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။

သေဆုံးသူ (၁၃) ဦးလုံးသည် အမျိုးသားများဖြစ်ပြီး ရဲ တပ်ဖွဲ့၊ စစ်တပ်နှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးကာ လူနာတင်ယာဉ်များဖြင့် လှည်းကူးမြို့မဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here