မလေးရှားတွင် မိချောင်းကိုက်၍တစ်နှစ်သားလေးသေဆုံး၊ ဖခင် ပြင်းထန်စွာ ဒဏ်ရာရ

0
311

မလေးရှားနိုင်ငံ ဆာဘာပြည်နယ် လာဟတ် ဒါတူမြို့ရှိ ပင်လယ်ကမ်းခြေ အနီးနားတွင် မိချောင်းတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် တစ်နှစ်သားအရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဒီဇင်ဘာလ ၁ ရက် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သားအဖနှစ်ယောက် ငါးဖမ်းထွက်ချိန်တွင် မိချောင်း၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

သေဆုံးသွားသော တစ်နှစ်အရွယ် ကောင်လေးမှာ အသက် ၄၅ နှစ်အရွယ် ဖခင်ဖြစ်သူ မိုဟာရက် နှင့် ကနူးလှေပေါ်တွင် ရှိနေစဉ် မိချောင်း၏ ရေအောက်ထဲသို့ ကိုက်ချီသွားခြင်းကို ခံခဲ့ရသည်။

မိုဟာရက်သည် ချက်ချင်းပင် မိချောင်းအား ေမာင်းထုတ်ရန် ကြိုးစားခဲ့သော်လည်း ကလေးကိုမူ မကယ်ဆယ်နိုင်ခဲ့ပေ။ ထို့ပြင် မိချောင်း၏ တိုက်ခိုက်မှုကြောင့် ဦးခေါင်း ဟက်တက်ကွဲခဲ့ပြီး အကိုက်ခံရသည့် ဒဏ်ရာများစွာ ရရှိခဲ့သည်။

ထို့နောက်၄င်းအား ဆေးရုံတင်ခဲ့သည်။

“မိုဟာရက် ဟာ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့်လို့ အကိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့သာ လက်လျှော့ခဲ့ရပါတယ်၊ သူ့သားကိုလည်း ရေအောက်ထဲ ကိုက်ချီသွားတာကို မတားနိုင်ခဲ့ပါဘူး” ဟု လာဟတ် ဒါတူ၏ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ခေါင်းဆောင် ဆမ်ဆိုဟာ ရာရှစ်ဒ် က ရာဟူး သတင်းဌာနထံသို့ ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် မိချောင်းသည် ကလေးငယ်၏ ခန္ဓာကိုယ်အား ပါးစပ်ထဲတွင် ကိုက်ချီ၍ ရေပေါ်တွင် ပေါ်လာကြောင်း အွန်လိုင်းပေါ်တွင် ပျံနှံ့နေသာ ဗီဒီယိုများတွင် တွေ့ရသည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here