ကာကွယ်ရေးစရိတ်အတွက် အခွန်တိုးကောက်မည့်အစီအစဉ်ဂျပန်ဖျက်သိမ်း

0
190

တိုကျို၊ဒီဇင်ဘာ ၄

ဂျပန်နိုင်ငံ၌ နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ရည်ရွယ်လျက် အခွန်တိုးကောက်မည့်ကိစ္စအား ရပ်တန့်ရန်စီစဉ်နေကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ကီရှီဒါက ကာကွယ်ရေးအသုံးစရိတ်အား ၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဂျီဒီပီ ၏ ၂ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် တောင်းဆိုထားသောကြောင့် တည်ငြိမ်သည့်၀င်ငွေရင်းမြစ်တစ်ခုရရှိရန် အစိုးရအနေဖြင့် ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်းသိရှိရသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်အချို့ကလည်း စားသုံးသူများနှင့် ကုမ္ပဏီများကို တိုက်ရိုက်ထိခိုက်စေမည့် အခွန်တိုးကောက်ခြင်းကို ဆန့်ကျင်သောကြောင့် ကာကွယ်ရေးမဟုတ်သည့်စရိတ်များကို ဦးစားပေးဖြတ်တောက်ရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

LDP နှင့် ၎င်း၏အာဏာရညွန့်ပေါင်းမိတ်ဖက် ကိုမဲတိုပါတီ တို့သည် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် အခွန်ပြုပြင်ပြောင်းလဲမှုအစီအစဉ်အား အင်္ဂါနေ့တွင်စတင်ဆွေးနွေးမည်ဖြစ်ပြီး ပါတီနှစ်ခုသည် ဒီဇင်ဘာ ၁၅ ရက်ဝန်းကျင်တွင် အခွန်ပြုပြင်ပြောင်းလဲမှုပုံစံကိုချမှတ်နိုင်ဖွယ်ရှိသည်ဟုသိရှိရသည်။

အဆိုပါဆွေးနွေးပွဲ၏ အဓိကဦးတည်ချက်မှာ ကာကွယ်ရေးအသုံးစရိတ်များ တိုးမြင့်လာစေရန်ရန်ပုံငွေမည်ကဲ့သို့ရနိုင်မည်နည်းဟူသောအချက်ပင်ဖြစ်သည်ဟုလည်းဖော်ပြထားသည်။

Source : ကျိုဒို


LEAVE A REPLY

Please enter your comment!
Please enter your name here