ရုရှားကမ်းရိုးတန်း တစ်လျှောက် ကတ်စပီယံဖျံ၂၅၀၀ သေဆုံးနေ

0
204

ရုရှားနိုင်ငံတောင်ပိုင်း ကတ်စ်ပီယံပင်လယ်ကမ်းခြေတွင် ဖျံပေါင်း နှစ်ထောင့်ငါးရာ နီးပါး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဒေသဆိုင်ရာ တာဝန်ရှိသူများက ကမ်းရိုးတန်းတွင် ဖျံအကောင်ရေ ခုနှစ်ရာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း စနေနေ့တွင် ကနဦး သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ရုရှားနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဖျံပေါင်း နှစ်ထောင်ငါးရာ နီးပါး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကတ်စ်ပီယံဖျံများ အစုအပြုံလိုက် သေဆုံးရခြင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သဘာဝတရားများကြောင့် ဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံ ဒါဂတ်စတန် ပြည်နယ်မှ အာဏာပိုင်များက ဆိုသည်။

ကတ်စ်ပီယံဖျံ အရေအတွက်နှင့် ပတ်သက်၍ ဌာနတစ်ခုချင်း၏ အချက်အလက်များမှာ လွန်စွာ ကွာဟကွဲပြားနေသော်လည်း အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ (IUCN) က ၎င်းအား အနီရောင်အဆင့်ရှိသော မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။

ဖျံများသည် ပြီးခဲ့သည့် နှစ်ပတ်ခန့်ကတည်းက သေဆုံးသွားဖွယ်ရှိကြောင်းနှင့် ငါးဖမ်းပိုက်တွင် ဖမ်းမိ၍ သေဆုံးခြင်း သို့မဟုတ် သတ်ဖြတ်ခံရသည့် လက္ခဏာမရှိကြောင်း ကက်စ်ပီယံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာန အကြီးအကဲ Zaur Gapizov က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here