ဆာခလီ ၂ မပါဝင်သည့် ရုရှားရေနံစိမ်းဈေးသတ်မှတ်မှုအား ဂျပန်စတင်

0
301

တိုကျို၊ဒီဇင်ဘာ ၅

ဂျပန်နိုင်ငံသည် ဒီဇင်ဘာ ၅ ရက်မှစကာ ရုရှားရေနံစိမ်းစျေးနှုန်းသတ်မှတ်မှုအား အကောင်အထည်ဖော်ခဲ့သော်လည်း ဆာခလီ – ၂ မှ တင်သွင်းသော ရေနံစိမ်းများကိုမူ ဈေးနှုန်းမသတ်မှတ်ဘဲချန်ထားမည်ဖြစ်ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအား နောက်ဆုံးတစ်ခုပိတ်ဆို့ဒဏ်ခတ်သည့်အနေဖြင့် G – 7 နိုင်ငံများနှင့် ဩစတြေးလျသည် ရုရှားရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၆၀ နှင့်သာရောင်းချရမည်ဟုသတ်မှတ်ခဲ့ကြသည်။

သို့သော်ထိုသို့သတ်မှတ်မှုတွင် ဂျပန်၏လောင်စာရရှိရေးအတွက် အဓိကတစ်ခုဖြစ်သည့် ဆာခလီ ၂ မှတင်ပို့သည့်ရေနံစိမ်းများမပါဝင်ကြောင်းလည်းသိရှိရသည်။

ရုရှားရေနံထွက်ကုန်များဆိုင်ရာ နောက်ထပ်ကန့်သတ်မှုအစီအမံများကို ဖေဖော်ဝါရီ ၅ရက် ၂၀၂၃  တွင် စတင်ရန် စီစဉ်ထားပြီး နောက်ရက်များတွင် ထုတ်ပြန်ချက်များ ကြေငြာသွားမည်ဖြစ်ကြောင်းသိရှိသည်။

Source : ရိုက်တာ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here