တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် သန္ဓေသားအရွယ် ကလေး ခြောက် သောင်း လေးထောင် သေဆုံးနေ

0
159

တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် ကလေးငယ်ပေါင်း ခြောက် သောင်း လေးထောင်သည် မမွေးဖွားမီ မိခင်ဝမ်းကြာတိုက်တွင် သန္ဓေတည်စဉ်ကတည်းက သေဆုံးလေ့ရှိကြောင်း သုတေသီများက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သော ၁၀ နှစ်ကတည်းက လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် ပေကျင်းအစိုးရက ကြိုးစားခဲ့သော်လည်း သေဆုံးသူ အရေအတွက်မှာ မထင်မှတ်ထားလောက်အောင် များပြားနေကြောင်း စာရင်းအချက်အလက်များက ညွှန်ပြနေသည်။

ထိုကဲ့သို့ သေဆုံးရခြင်း၏ အဓိကတရားခံမှာ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော ၂ ဒသမ ၅ မိုက်ခရွန် (PM2.5) ထက် သေးငယ်သည့် အမှုန်အမွှားများကြောင့် ဖြစ်သည်။

သန္ဓေတည်စဉ်ကတည်းက သေဆုံးမှု ဖြစ်ပွားနေသော နိုင်ငံအားလုံးကို လေ့လာစိစစ်ကြည့်ရာ တရုတ်နိုင်ငံသည် PM2.5 ကြောင့် သန္ဓေသားသေဆုံးမှုတွင် စတုတ္ထအများဆုံး နေရာ၌ ရပ်တည်နေကြောင်း သိပ္ပံပညာ ဂျာနယ်ဖြစ်သည့် သဘာဝဆက်သွယ်ရေးက ထုတ်ဝေထားသော လေ့လာချက်တွင် ဖော်ပြထားသည်။

“နိုင်ငံပေါင်း ၁၃၇ နိုင်ငံမှ အချို့ နိုင်ငံတွေ (ဥပမာ တရုတ်) မှာ လေထုအရည်အသွေး ပိုမိုကောင်းမွန်လာရင် ကမ္ဘာပေါ်မှာ မမွေးခင် သေဆုံးတဲ့ စုစုပေါင်း ကလေးအရေအတွက်က သိသိသာသာ လျော့နည်းလာမှာပါ။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ လေထုအရည်အသွေး ပြည့်မီတာဟာ ကလေးငယ်များ မမွေးဖွားခင် သေဆုံးတာကို ကာကွယ်နိုင်မှာပါ” ဟု သုတေသီများက ရေးသားထားသည်။

Source: ဝိုင်ယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here