ရုရှ – မြန်မာ တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးအပါအ ဝင် စီးပွားရေးနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌနှင့် ရုရှ စီးပွားရေးဝန်ကြီးတို့ ဆွေးနွေး

0
367

ရုရှ – မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲရေးအ ပါအဝင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်း ဆော င်ရွက်မှုများအတွက် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန် ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန် ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV သည်

ယနေ့ ဒီဇင်ဘာ (၅) ရက် နေ့လယ်ပိုင်းက လာရောက်တွေ့ ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ – ရုရှား နှစ်နိုင်ငံ စီးပွားရေးဆို င်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူး ပေါင်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ နှစ်ဖက်အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ရုရှ – မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေ ကြောင်း ပျံသန်း ရေးဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေများနှင့် မြန်မာ – ရုရှား ချစ်ကြည်ရေး အဖွဲ့များအား နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှု အခြေ အနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ရုရှနိုင်ငံမှ နည်းပညာပိုင်း ဆိုင် ရာများ ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ စွ မ်းအင်ဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာ ဆေး ဝါးထုတ်လုပ်ရေးနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များ၊တွင်း ထွက်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင် ရာကိစ္စရပ်များတွင် ပူး ပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေခဲ့ကြောင်း သိရသည်။ 

ထို့နောက် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်းတွင် ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် အခြားက ဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန် ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here