ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရု ရှားနိုင်ငံမှမြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ် နှံမည့်အခြေအနေနှင့်ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို နစက ဥက္ကဋ္ဌနှင့်ရုရှားနိုင်ငံ၊စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးတို့ဆွေးနွေး

0
265

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ရုရှားနိုင်ငံ၊စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV တို့တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား ရုရှားနိုင်ငံ၊စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV က ဒီဇင်ဘာ ၅ ရက်(ယနေ့)နေ့လည်ပိုင်းက နေပြည်တော်၌လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးဆိုင် ရာများနှင့်နည်းပညာဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရန် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းပျံသန်းရေးဆိုင်ရာများနှင့်အခြားလိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှားချစ်ကြည်ရေးအဖွဲ့များအား နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှမြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံမည့်အခြေအနေများ၊မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်ရေးလုပ်ငန်းများတိုး တက်စေရန် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ စွမ်းအင်ဆိုင်ရာများ၊ကျန်းမာရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးနှင့်ကုသရေးဆိုင်ရာများ၊တွင်းထွက်ပစ္စည်းထုတ်လုပ်ရာတွင် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများ၊စိုက်ပျိုး၊မွေး မြူရေးလုပ်ငန်းများတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်စက်မှုထုတ်ကုန်များထုတ်လုပ်ခြင်းတွင် ပူး ပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်အ ခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရုရှားနိုင်ငံ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့်တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here