အာကာသထဲတွင် ၆ လ တာဝန်ထမ်းဆောင်ခဲ့သော တရုတ်အာကာသယာဉ်မှူးများ ကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိ

0
498

အာကာသထဲတွင် ၆ လတိတိ တာဝန်ထမ်းဆောင်ခဲ့ကြသော တရုတ်အာကာသယာဉ်မှူး ၃ ဦးတို့သည် ကမ္ဘာပေါ်သို့ တနင်္ဂနွေနေ့က အောင်မြင်စွာပြန်လည်ရောက်ရှိခဲ့ကြသည်။

ယင်းအာကာသ ယာဉ်မှူး ၃ ဦးတို့သည် Shenzhou-14 အာကာသယာဉ်ဖြင့် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က အာကာသတွင်းသို့ရောက်ရှိခဲ့ကြကာ အာကာသတွင်းရှိနေနှင့်ပြီးဖြစ်သော Tiangong တရုတ် အာကာသစခန်းနှင့် ချိတ်ဆက်၍ တာဝန်များထမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ ညပိုင်းတွင်မူ ယင်းတို့ကို သယ်ဆောင်လာသော Shenzhou-14 အာကာသယာဉ်သည် မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းပိုင်းတစ်နေရာသို့ ပြန်လည်ဆင်းသက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မိမိတို့အားလုံး ကျန်းမာရေးကောင်းမွန်ပြီး ခံစားမှုများလည်းကောင်းမွန်ကြောင်း အာကာသယာဉ်မှူးများခေါင်းဆောင် Chen Dong နှင့် အခြားအဖွဲ့သားနှစ်ဦးဖြစ်ကြသော Liu Yang နှင့် Cai Xuzhe တို့က CCTV သို့ပြောကြားခဲ့သည်။

Source: Chinese astronauts return to Earth after six-month mission(BBC)


LEAVE A REPLY

Please enter your comment!
Please enter your name here