တတိယအကြိမ် ရုရှား-မြန်မာ အစိုးရချင်းကုန် သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးတွင် စာချုပ်စာတမ်း ၇ ခုအား လက်မှတ်ရေးထိုးခဲ့

0
257

မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် တတိယအကြိမ် ရုရှား-မြန်မာအစိုးရချင်းကုန် သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကော်မရှင်အစည်းအဝေးအား ဒီဇင်ဘာ ၅ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့်ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E Mr. Maxim Reshetnikov တို့ကအဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဆိုင် ရာလက်ရှိအခြေအနေ၊သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအားကောင်းခိုင် မာခြင်း၊ကုန်သွယ်မှု၊စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း၊စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း၊ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ရုရှား-မြန်မာနှစ်နိုင်ငံ သဘော တူညီမှု စာချုပ်စာတမ်း ၇ ခုအား မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။

အစည်းအဝေး၌ဆွေးနွေးချက်များသည် ရုရှားနိုင်ငံ၊ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုး တက်ရေးမဟာဗျူဟာ(Strategy for the Development of Russia-Myanmar Economic Cooperation)ကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဖြစ်သည်။

ရုရှားစီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့်မြန်မာနိုင်ငံမှလုပ်ငန်းရှင်များကလည်း စက်မှုနှင့်စိုက်ပျိုးရေးကဏ္ဍ၊စွမ်းအင်နှင့်ဓာတ်သတ္တုလုပ်ငန်းကဏ္ဍ၊ဘဏ်နှင့်ငွေကြေးဆိုင်ရာကဏ္ဍ၊သ တင်းအချက်အလက်နှင့်ဒီဂျစ်တယ်နည်းပညာက ဏ္ဍ၊ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်ခြင်းလုပ် ငန်းကဏ္ဍ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတို့အား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here