မုံရွာမြို့ရှိ စက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွား အရပ်သားပြည်သူ ၃ ဦးဒဏ်ရာရ

0
357

စစ်ကိုင်းတိုင်း၊မုံရွာမြို့ရှိ စက်မှုဇုန်စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းက လက်နက် ကိုင်အဖွဲ့ဝင်များမှ သေနတ်များဖြင့်လာရောက်ပစ်ခတ်၍ လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယင်းနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် လက်နက် ကိုင်အဖွဲ့ဝင်များက မုံရွာမြို့၊စက်မှုဇုန်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံ ရေးအဖွဲ့ဝင်များအား သေနတ်များဖြင့်လာရောက်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ဆေးရေးဂိတ်အနီးတွင် ဖြတ်သန်းသွားလာနေသည့် အရပ်သားပြည်သူ ၃ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်လာရောက်ပစ်ခတ်ရာတွင် လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းများအား သိမ်းဆည်းရမိခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် လက်နက် ကိုင်အဖွဲ့ဝင်များသည် အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ဟုတ်တယ်ဗျ စစ်ဆေးရေးဂိတ်မှာ သေနတ်ပစ်သံတွေကြားတယ် သေနတ်သံတွေတိတ်သွားပြီးတော့ လူနာတင်ကားသံတွေလည်းကြားရတယ် အရပ်သား ၃ ယောက်ဒဏ်ရာရသွားတယ်”ဟု မုံရွာမြို့ဒေသခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here