တောင်ကိုရီးယားနှင့်အမေရိကတို့စစ်ရေး‌လေ့ကျင့်မှုအပြီး၌ မြောက်ကိုရီးယားကဒုံးကျည် ၁၃၀ ကျော်ပစ်ခတ်ခဲ့

0
269

ဆိုးလ်၊ဒီဇင်ဘာ ၅

တနင်္လာနေ့က တောင်ကိုရီးယားနယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုတွေ့ရှိရသဖြင့် ၎င်း၏အရှေ့နှင့် အနောက်ကမ်းရိုးတန်းများသို့ အမြောက်ကျည် ၁၃၀ ကျော် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားကပြောကြားခဲ့သည်။

၎င်းတို့အနက် အချို့ကျည်များသည် ပင်လယ်နယ်စပ်အနီး ကြားခံဇုန်အတွင်းကျရောက်ခဲ့သည့်အတွက် တင်းမာမှုများလျှော့ချရန်ရည်ရွယ်ကာ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ကိုရီးယားနှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ဆိုးလ်ကပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည်လည်း အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ မြောက်ကိုရီးယားသို့ သတိပေးချက်များပေးပို့ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

“ရန်သူတွေအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး တင်းမာမှုမြင့်တက်လာအောင်လုပ်နေတာမျိုးတွေရပ်သင့်ပါတယ်” ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့ပြီး ရန်စမှုမှန်သမျှကိုလည်းပြင်းထန်စွာတုံ့ပြန်သွားမည်ဟုပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့်အမေရိကတို့သည် ကျွန်းဆွယ်အလယ်ပိုင်းရှိ Cheorwon ကောင်တီ၌ တနင်္လာနေ့ကပူးတွဲပစ်ခတ်လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့၏လေ့ကျင့်မှုကို အင်္ဂါနေ့တွင် ဆက်လက်ပြုလုပ်မည်ဟုလည်းသိရှိရသည်။

မြောက်ကိုရီးယားကမူ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဝါရှင်တန်နှင့်ဆိုးလ်တို့၏ ရန်လိုမှု အေထာက်အထား ဟုသာဝေဖန်ခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here