အမေဇုန်က ထိပ်တန်းမန်နေဂျာများအပါ ဝန်ထမ်းနှစ်သောင်းအား အလုပ်ဖြုတ်ရန်စီစဉ်နေ

0
187

အမေဇုန်သည် လက်ရှိ၌ လုပ်ငန်းခွင်အတွင်းလုပ်ကိုင်နေသည့် ဝန်ထမ်းနှစ်သောင်းခန့်အား အလုပ်မှထုတ်ပယ်ရန်စီစဉ်နေကြောင်းသိရှိရသည်။

လာမည့်လများအတွင်း အမေဇုန်သည် အလုပ်ထုတ်ပယ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရန်ရှိနေပြီး ဒေသအသီးသီးရှိ ဌာနခွဲများမှဖြန့်ဖြူး‌ရေးဝန်ထမ်းများအပါအဝင်  ကော်ပိုရိတ်အမှုဆောင်နှင့် နည်းပညာဝန်ထမ်းများကိုလည်း ကုမ္ပဏီမှထုတ်ပယ်မည်ဟုသိရှိရသည်။

အမှုဆောင်အရာရှိချုပ် အန်ဒီဂျက်စီ သည် ယခုအကြောင်းအရာနှင့်ပတ်သက်၍ အစောပိုင်းကတည်းက အရိပ်အမြွက်ပြောကြားခဲ့သော်လည်း အထုတ်ခံရမည့် ဝန်ထမ်းအရေအတွက်ကို ရှင်းရှင်းလင်းလင်းမ‌ပြောကြားခဲ့ပေ။

သို့သော်မကြာသေးမီက အစီရင်ခံစာတစ်ခုအရ အလုပ်ထုတ်ခံရနိုင်သည့် ဝန်ထမ်းဦးရေသည်နှစ်‌သောင်းအထိ တိုးလာနေပြီး ရာထူးအဆင့်တိုင်းထုတ်ပယ်ခံရဖွယ်ရှိကြောင်းလည်းသိရသည်။

ကုမ္ပဏီ၏ စီအီးအိုက အလုပ်ထုတ်ပယ်ခြင်းအား ဆက်လက်လုပ်ဆောင်နေပြီး ကုမ္ပဏီဘက်မှအကဲဖြတ်ပြီးပါက ထုတ်ပယ်ခံရသူများအား အကြောင်းကြားပေးမည်ဟုလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here