အမေရိကနှင့် တင်းမာနေသည့် ဆော်ဒီသို့ ရှီကျင့်ဖျင် သွားရောက်လည်ပတ်မည်

0
251

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကနှင့် တင်းမာမှုမြင့်တက်နေသည့် ဆော်ဒီအာရေးဗျနိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၇ ရက် ကြာသပတေးနေ့တွင် သွားရောက်မည်ဖြစ်ကြောင်း အာရပ်သံတမန်ဆိုင်ရာ သတင်းရင်းမြစ်နှင့် အာရပ် အကြီးတန်း အရာရှိနှစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရီယာဒ်မြို့ခရီးစဉ်တွင် ရှီသည် တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးနှင့် တရုတ်-ဂျီစီစီ ညီလာခံတို့ကို တက်ရောက်သွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ် လေးခုက ဆိုသည်။

တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးသို့ အာရပ်နိုင်ငံ ခေါင်းဆောင် ၁၄ ဦး ထက်မနည်း တက်ရောက်ရန် မျှော်လင့်ထားကြောင်းနှင့် ရှီ၏ ခရီးစဉ်ကို တရုတ်-အာရပ် ဆက်ဆံရေးအတွက် သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ဖော်ပြထားကြောင်း အာရပ်သံတမန်ဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။

အမေရိက၏ အကြီးဆုံး အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံသို့ တရုတ်သမ္မတ သွားရောက်လည်ပတ်မည့် သတင်းနှင့် ပတ်သက်၍ ကောလာဟလများ ပျံနှံ့နေသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ဆော်ဒီနှင့် တရုတ်အစိုးရတို့ဘက်က အတည်ပြုထားခြင်း မရှိသေးပေ။

လက်ရှိတွင် အဆိုပါနှစ်နိုင်ငံစလုံးသည် အမေရိကနှင့် သဘောထားကွဲလွဲ အများအပြား ရှိထားသောကြောင့် ရှီ၏ ခရီးစဉ်မှာ စောင့်ကြည့်ရမည်ထဲတွင် ပါဝင်နေသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here