အီလွန်မတ်စ်၏ နျူရယ်လင့် သည် စမ်းသပ်မှုများ၌ တိရစ္ဆာန် ၁၅၀၀ ကို သတ်ဖြတ်ခဲ့၍ ပြည် ထောင်စုအစိုးရ၏ စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်နေရ

0
226

အီလွန်မတ်စ်၏ ဆေးဘက်ဆိုင်ရာ ကိရိယာထုတ် ကုမ္ပဏီဖြစ်သည့် နျူရယ်လင့်သည် တိရစ္ဆာန်စမ်းသပ်မှုကို အလျင်စလို လုပ်ဆောင်နေ၍ မလိုအပ်ပဲ သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟူသော ဌာနတွင်း ဝန်ထမ်းများ၏ တိုင်ကြားချက်များရှိ နေစဉ်တွင် တိရစ္ဆာန် များသက်သာ ဘေးကင်းရေး စည်းမျဉ်းများ ချိုးဖောက်မှုအတွက် ဖက်ဒရယ်ဌာနများ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

နျူရယ်လင့် ကော်ပိုရေးရှင်းသည် အောက်ပိုင်းသေနေသူများကို လမ်းပြန်လျှောက်စေနိုင်ရန်နှင့် အခြားသော အာရုံကြောဆိုင်ရာ ဝေဒနာများကို ကုသပေးနိုင်မည်ဟု မျှော်လင့်၍ ဦးနှောက်တွင်း ထည့်သွင်းအသုံးပြုရန် ချစ်ပ်တစ်မျိုးကို တီထွင်နေခြင်း ဖြစ်သည်။

အဆိုပါ ဖက်ဒရယ် စုံစမ်းစစ်ဆေးမှုကို အမေရိကန်စိုက်ပျိုးရေးဌာနမှ စစ်ဆေးရေးမှူးချုပ်က ဖက်ဒရယ်အစိုးရရှေ့နေ၏ တောင်းဆိုမှုဖြင့် မကြာသေးမီလများအတွင်း ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းရေးနှင့် ပတ်သက်သည့် သတင်းရင်းမြစ်နှစ်ခုက ဆိုသည်။

ထိုစုံစမ်းစစ်ဆေးမှုသည် သုတေသီများ၏ တိရစ္ဆာန်များကို ဆက်ဆံပုံနှင့် စမ်းသပ်စစ်ဆေးပုံသည် တိရစ္ဆာန်သက်သာ ဘေးကင်းရေးအက်ဥပဒေအား ချိုးဖောက်ခြင်း ရှိ မရှိကို အဓိကထားကြောင်း သိရသည်။

အီလွန်မတ်စ်သည် အထက်ပါ ချစ်ပ်အား နောက်ခြောက်လအတွင်း လူသားများနှင့် စမ်းသပ်လိုသည့်အတွက် အလွန်အလျင်လိုနေပြီး ဝန်ထမ်းများအား ၎င်းချစ်ပ်ပြား ထုတ်လုပ်ရေးကို အရှိန်မြှင့်ရန် ဖိအားပေးနေသည်။

ထို့ကြောင့် မအောင်မြင်သော စမ်းသပ်မှုများကို ထပ်ခါတလဲလဲ လုပ်ခဲ့ရသည့်အတွက် သေဆုံးရသည့် တိရစ္ဆာန်အရေအတွက်မှာ ပိုများလာကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

ကုမ္ပဏီသည် စမ်းသပ်မှုများ ကိုစတင်ခဲ့သော ၂၀၁၈ ခုနှစ်မှစ၍ သိုး၊ ဝက်၊ မျောက်နှင့် ကြွက်များအပါအဝင် တိရစ္ဆာန် တစ်ထောင် ငါးရာခန့်ကို သတ်ဖြတ်ခဲ့ကြောင်း ရိုက်တာ သတင်းဌာန နှင့် ကုမ္ပဏီ၏ တိရစ္ဆာန်စမ်းသပ်မှုဆိုင်ရာ တိုက်ရိုက် ဆက်နွှယ်နေသော သတင်းရင်းမြစ်များ၏ ဆန်းစစ်ချက် မှတ်တမ်းများအရ သိရသည်။

Source:The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here