တရုတ်ဟက်ကာအဖွဲ့ အမေရိက၏ ကိုဗစ် ကယ်ဆယ်ရေး ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူခဲ့ဟု လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ဆို

0
349

ဝါရှင်တန်၊ ဒီဇင်ဘာ ၅

တရုတ်ဟက်ကာအဖွဲ့သည် အမေရိက၏ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော ကိုဗစ်ကယ်ဆယ်ရေး ရံ ပုံငွေများကို ၂၀၂၀ ပြည့်နှစ်ကတည်းက ခိုးယူနေခဲ့ကြောင်း လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့က ဒီဇင်ဘာလ ၅ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့က နောက်ထပ်အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း NBC သတင်းဌာနက အတည်ပြုထားသော သတင်းအရ အဆိုပါတရုတ်ဟက်ကာအဖွဲ့ကို လုံခြုံရေးသုတေသနအသိုင်းအဝိုင်းအတွင်း APT41 သို့မဟုတ် ဝင်တီ ဟုခေါ်ကြောင်း သိရသည်။

APT41 သည် အစိုးရ ကျောထောက်နောက်ခံပြု ဆိုက်ဘာ ကျူးကျော်မှုများနှင့် အခကြေးငွေရယူပြီးဒေတာ ချိုးဖောက်ပေးမှုများကို ရောနှောလုပ်ဆောင်နေသည့် ကျယ်ပြန့်သော ဆိုက်ဘာရာဇ၀တ်ဂိုဏ်းတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

အဆိုပါ ဟက်ကာအဖွဲ့၏ အဖွဲ့ဝင်အများအပြားသည် ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်များတွင်ဆော့ဖ်ဝဲလ်၊ ဆက်သွယ်ရေး၊ ဆိုရှယ်မီဒီယာနှင့် ဂိမ်းကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း တစ်ရာကျော်ကို သူလျှိုလုပ်မှုအတွက် အမေရိကန်တရားရေးဌာနက စွဲချက်တင်ခြင်းကို ခံခဲ့ရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဝါရှင်တန်ရှိ တရုတ်သံရုံးက လတ်တလော မှတ်ချက်ပေးထားခြင်း မရှိပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here