ယာယီရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် လေ ကြောင်းခရီးစဥ် ဒီဇင်ဘာ ၅ ရက်မှစ၍ အပတ်စဥ် ၂ ရက် ပြန်လည်ပျံသန်းပြေးဆွဲပေး

0
308

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ကိုဗစ် (၁၉)ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်၊မေ ၂၈ ရက်မှစတင်၍ ပျံသန်းပြေးဆွဲမှု ယာယီရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဥ်အား ဒီဇင်ဘာ ၅ ရက်မှစ၍ ပြန်လည်ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။

ထိုသို့ ပြေးဆွဲရာ၌ မော်လမြိုင်-ရန်ကုန် လေ ကြောင်းခရီးစဥ်အား အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ကော့သောင်း-မော်လမြိုင်လေကြောင်းခ ရီးစဥ်များကိုလည်း ဒီဇင်ဘာ ၅ ရက်၌ပင် ပြန် လည်ပျံသန်းပြေးဆွဲပေးလျက်ရှိသည်ဟု သိရသည်။

လေယာဥ်လက်မှတ်ခအနေဖြင့် မော်လမြိုင်-ရန်ကုန်ခရီးစဥ်အား နိုင်ငံသားတစ်ဦးလျှင် ၁၄၇၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ဒေါ်လာ ၁၂၀ ၊ ကော့သောင်းမှမော်လမြိုင်သို့ နိုင်ငံသားတစ်ဦးလျှင် ၁၇၇၀၀၀ ကျပ်သတ်မှတ်ထားကာ လက် မှတ်ဝယ်ယူရာတွင် မှတ်ပုံတင်နှင့်ကိုဗစ်(၁၉)ရော ဂါကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသ ၍ ဝယ်ယူရမည်ဖြစ်သည်။

ထို့ကြောင့် မော်လမြိုင်မှရန်ကုန်သို့ သွားရောက်မည့် လေယာဉ်စီးခရီးသည်များသည် လေယာဉ်လက်မှတ်များအား မော်လမြိုင်မြို့၊သစ်တောရုံးလမ်း၊မောရဝတီပန်းခြံအနီးရှိ လေယာဉ်လက် မှတ်အရောင်းဌာနတွင်ဝယ်ယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here