ထိုင်းနိုင်ငံ၊ဖတ်ဟိုင်းခရိုင်တွင် ပစ်ကပ်ကားတစ်စီးတိမ်းမှောက်၍ မြန်မာနိုင်ငံသား ၁၀ ဦးနှင့်ထိုင်းနိုင်ငံသား ၂ ဦးဒဏ်ရာရ

0
147

ထိုင်းနိုင်ငံ၊ဘတ်ဟိုင်ခရိုင်တွင် ဒီဇင်ဘာ ၆ ရက် (ယနေ့)နံနက်ပိုင်းက ပစ်ကပ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား၍ မြန်မာနိုင်ငံသား ၁၀ ဦးနှင့်ထိုင်းနိုင်ငံသား ၂ ဦးတို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခန့်က ဖတ်ဟိုင်းခရိုင်တွင် မြန် မာနိုင်ငံသားများအားတင်ဆောင်လာသည့် ပစ်ကပ်ကားသည် အခင်းဖြစ်နေရာလမ်းကွေ့အရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ရှိနေသူ များအား ဝင်တိုက်မိပြီးနောက်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ပစ်ကပ်ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသားများအနက် ၁၀ ဦးနှင့်လမ်းဘေးရှိ ထိုင်းနိုင်ငံသား ၂ ဦး(စုစုပေါင်း ၁၂ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ဖတ်ဟိုင်းခရိုင်တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများအား ဖတ်ဟိုင်းခရိုင်ရှိ ဆေးရုံသို့ဆေးကုသမှုခံယူရန် လူမှုကူညီရေးအသင်းများက ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖတ်ဟိုင်းခရိုင်တာဝန်ရှိသူများက ကားပေါ်တွင်လိုက်ပါလာသူများအား စစ်ဆေးချက်အရ ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Photo-Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here