ရုရှားကို ပြင်းထန်သော တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေဟု ဇယ်လန်းစကီးဆို

0
237

ရုရှားတပ်ဖွဲ့များအပေါ် ပြင်းထန်သော တန်ပြန်ထိုးစစ်ဆင်မှုတစ်ရပ်ကို ပြင်ဆင်နေပြီး ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံတို့အပေါ် ဆက်လက်တိုက်ခိုက်နေမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် “နည်းလမ်းအသစ်များ” စီစဉ်နေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းတွင် ပြောကြားခဲ့ကြောင်းသိရသည်။

“ကျွန်ုပ်တို့သည် သိမ်းပိုက်သူများ၏ ရည်ရွယ်ချက်များကို ပိုင်းခြားစိတ်ဖြာပြီး တန်ပြန်အစီအမံကို ပြင်ဆင်နေသည်။ ပိုမိုအားကောင်းသည့် တန်ပြန်မှုတစ်ရပ်ကို ပြင်ဆင်နေသည်” ဟု ဇယ်လန်းစကီးက ယူကရိန်းပြည်သူများအားပြောကြားခဲ့ခြင်းဖြစ်သည်။

တန်ပြန်ဆောင်ရွက်မည့်ပုံစံကို သမ္မတက အသေးစိတ်မပြောကြားခဲ့သော်လည်း မိမိတို့အစိုးရသည် Donetsk၊ Luhansk၊ Kharkiv၊ Zaporizhzhia နှင့် Kherson ဒေသများအပြင် ခရိုင်းမီးယားနှင့် အခြားသော ရှေ့တန်းဒေသများရှိ ပြဿနာများကိုပါ အာရုံစိုက်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Source: Zelensky says Ukraine preparing a ‘powerful countermeasure’ against Russia(The Hill)


LEAVE A REPLY

Please enter your comment!
Please enter your name here