ရန်ကုန်မြို့၌ လျှပ်စစ်မီး ၄ နာရီလာ ၄ နာရီပြတ်ပုံစံဖြင့် အုပ်စု ၂ ခုခွဲကာ အလှည့်ကျလျှပ်စစ်မီးပေးဝေလျက်ရှိ

0
496

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ရန်ကုန်မြို့၌ လျှပ်စစ်မီးပေးရာတွင် ၄ နာရီလာ ၄ နာရီပြတ် အလှည့်ကျလျှပ်စစ်မီးပေးစနစ်ဖြင့် အုပ်စု ၂ ခုခွဲကာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးခြင်းအား ဒီဇင်ဘာ ၁ ရက်မှစတင်ခဲ့ခြင်းဖြစ်ကာ အုပ်စု(A)နှင့်အုပ်စု(B)ခွဲ၍ နံနက် ၉ နာရီမှစ၍ ညနေ ၄ နာရီအထိ အလှည့်ကျ လျှပ်စစ်မီးပေးဝေသွားမည်ဖြစ်ပြီး အုပ်စု ၂ ခုလုံးတွင်ပါဝင်သည့် မြို့နယ်များအား ညနေ ၄ နရီမှနောက်ရက်နံနက် ၉ နာရီအထိအား လျှပ်စစ်ဓာတ်အား အပြည့်အဝပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် YESC ၏လျှပ်စစ်မီးဖြန့်ဝေပေးရာ၌ ဦးစားပေးအဆင့်(က)မြို့နယ်များအဖြစ် ရန်ကင်း၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာပ၊တာမွေ၊ကျောက် တံတား၊ပန်းဘဲတန်း၊လသာ၊လမ်းမတော်၊ဒဂုံ၊အလုံ၊ကြည့်မြင်တိုင်၊စမ်းချောင်း၊မရမ်းကုန်း၊လှိုင်၊ကမာရွတ်နှင့်ဗဟန်းမြို့နယ်တို့အား သတ်မှတ်ခဲ့သည်။

ထို့ပြင် တောင်ဥက္ကလာပမြို့နယ်ရှိ စက်မှုဇုန်များကိုလည်း နံနက် ၉ နာရီမှညနေ ၅ နာရီအထိသာ လျှပ်စစ်ဓာတ်အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစားပေးအဆင့်(က)မြို့နယ်၌ ပါဝင်သည့် မြို့ နယ်(၁၆)မြို့နယ်အတွင်းရှိ ဆေးရုံနှင့်အရေးကြီးဌာနဆိုင်ရာများအားလုံးကိုမူ ၂၄ နာရီအပြည့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

“မီးကတော့ လာလိုက်ပြတ်လိုက်ပါပဲ ကျွန်တော်တို့ကလည်း သတိထားပြီးမစောင့်ကြည့်မိဘူး လာတဲ့အချိန်လာတယ် မီးလာတဲ့အချိန်မှာလည်းကြာရင်လည်းကြာတယ် လာပြီးခဏနေရင်ပြတ်သွားတာလည်းရှိတယ် အခုသူတို့ပြောသလို ၄ နာရီလာ ၄ နာရီပြတ်ဆိုတာမှာ လာတဲ့အချိန် ၄ နာရီအပြည့်မပြတ်ဘူးဆိုရင်တော့ကောင်းတာပေါ့”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊စိုက်မွေး(၁)ရပ်ကွက်နေ ကိုဝေဖြိုးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here