PDF အဖွဲ့ဝင်များက ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးအား လည်ပင်းဖြတ်သတ်ပြီး အ.မ.ကမူလွန်ကျောင်းအုပ် ဆရာကြီးကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့မှု ‌ပေါက်မြို့တွင်ဖြစ်ပွား

0
449

မကွေးတိုင်း၊ပေါက်မြို့နယ်၊ပေါက်ချောင်းအ လယ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အား လည်ပင်းဖြတ် သတ်၍ အ.မ.ကမူလွန်ကျောင်းအုပ်ကြီးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့မှု ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က PDF အဖွဲ့ဝင် ၂၀ ဦးခန့်မှ ပေါက်မြို့နယ်၊ပေါက်ချောင်းအလယ်ကျေးရွာရှိ တေဇိန္ဒရာမဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာပြီးနောက် ကျောင်းထိုင်ဆရာတော် ဥုးတေဇိန္ဒ(၆၀)နှစ်၊ဝါတော်(၃၇)ဝါအား လည်ပင်းဖြတ်သတ်ခဲ့ကြသည်။

ထို့နောက် ပေါက်ချောင်းလယ်-ကူးကား-ဝါးတောလမ်းအတိုင်း ဆိုင်ကယ်များဖြင့်မောင်းနှင်ထွက် ပြေးသွားခဲ့ကြကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် PDF အဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း ပေါက်ချောင်းအလယ်ကျေးရွာရှိ အ.မ.ကမူလွန်ကျောင်းသို့ ဆိုင်ကယ်များဖြင့် ကူးကား-ပေါက်ချောင်းလမ်းအတိုင်းရောက်ရှိလာခဲ့ပြီး ကျောင်းအုပ်ဆရာကြီးဦးဝင်းနိုင်အပါအဝင် ကျောင်းဆရာ၊ဆရာမ ၁၀ ဦးနှင့်ကျောင်းလုပ် သား ၁ ဦးတို့အား စုဝေးထိုင်ခိုင်းခဲ့သည်။

ထို့နောက် “ဘာလို့ CDM မလုပ်ဘဲ စာသင်နေတာလဲ”ဟုပြောဆိုကာ ကျောင်းအုပ်ဆရာကြီးဦးဝင်းနိုင်အား သေနတ်ဖြင့်ပစ်ခတ်ပြီး ကျောင်းဆရာမ ၄ ဦးအားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ကျောင်းဆရာ၊ဆရာမအချို့နှင့်ကျောင်းလုပ်သားတို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သွားခဲ့သည့် PDF အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here