စစ်ကိုင်းတိုင်း၊မြောင်မြို့ရှိ လဝက မြို့နယ်ဦးစီးမှူးရုံးအား PDF အဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့

0
364

စစ်ကိုင်းတိုင်း၊မြောင်မြို့၊တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရူံးအား PDF အဖွဲ့ဝင်များက ဒီဇင်ဘာ ၅ ရက်နေ့လည်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က PDF အဖွဲ့ဝင်များသည် မြောင်မြို့၊တောင်ရပ်ကွက်ရှိ လဝက မြို့နယ်ဦးစီးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုက်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ ၂၅ မိနစ်ခန့်အကြာ၌ မီးငြိမ်းသွားခဲ့ကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် သွပ်မိုး၊အုတ်ကာ၊အုတ်ခင်းတစ်ထပ်အဆောက်အဦးရုံးတစ်လုံး၊ရုံးအတွင်း ထိန်းသိမ်းထားသည့် သစ်သားဘီရို ၅ လုံး၊သစ်သားစားပွဲ ၁၄ လုံး၊ပလပ်စတစ်ထိုင်ခုံ ၂၀ လုံး၊ဖိုင်တင်စင် ၂၄ စင်၊လျှပ်စစ်မီတာတစ်လုံး၊ရုံးသုံးဖုန်းတစ်လုံး၊ရုံးသုံးစာရွက်စာတမ်းများနှင့် ဖိုင်များမီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သွားသည့် PDF အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လဝက ရုံးက ၇၀ ရာခိုက်နှုန်းလောက်လောင်သွားတယ် ပျက်စီးမှုများတာပေါ့ စစ်သားတွေ ရဲတွေကတော့စစ်ဆေးတာတွေလုပ်နေကြတယ်”ဟု မြောင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here