အင်ဒိုနီးရှား ပါလီမန်က အိမ်ထောင်ဘက်မဟုတ်သူ, လက်မထပ်ရသေးသူ နှင့် လိင်ဆက်ဆံခြင်းကို တားမြစ်သည့် ဥပဒေအားအတည်ပြု

0
267

ဂျာကာတာ၊ ဒီဇင်ဘာ ၆

အင်ဒိုနီးရှား ပါလီမန်သည် အိမ်ထောင်ဘက်မဟုတ်သူ, လက်မထပ်ရသေးသူနှင့် လိင်ဆက်ဆံခြင်းကို တားမြစ်သည့် ရာဇဝတ် ဥပဒေတစ်ရပ်ကို ဒီဇင်ဘာလ ၆ ရက် အင်္ဂါနေ့တွင် အတည်ပြုလိုက်သည်။

အဆိုပါ ဥပဒေကို အင်ဒိုနီးရှားနိုင်ငံသားများအပြင် နိုင်ငံခြားသားများပါ လိုက်နာရမည်ဖြစ်ပြီး ချိုးဖောက်ခဲ့ပါက ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ခံရနိုင်မည် ဖြစ်သည်။

ထိုဥပဒေတွင် သမ္မတ သို့မဟုတ် နိုင်ငံတော် အဖွဲ့အစည်းများအား ထိပါးစော်ကား စကားဆိုခြင်းနှင့် နိုင်ငံတော်၏ အတွေးအမြင်စနစ်ကို ဆန့်ကျင်သော အမြင်များအား ထုတ်ဖော်ပြောဆိုခြင်းအပေါ် တားမြစ်ခြင်းတို့ လည်းပါဝင်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများက ထို အငြင်းပွားဖွယ်ရာ ဥပဒေသည် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတွင် လူမှုလွပ်လပ်ခွင့်ကို ထိခိုက်စေမည့် ဥပဒေဆိုင်ရာ အပြောင်းအလဲတစ်ရပ်ဟု ဆိုကြသည်။

စီးပွားရေး အဖွဲ့အစည်းများကလည်း ထိုဥပဒေကြောင့် ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကဏ္ဍတွင် အင်ဒိုနီးရှား အပေါ် နိုင်ငံတကာ၏အမြင်ကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here