မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်ရေးဖွံဖြိုးတိုးတက်ရန် ရုရှားနိုင်ငံမှ နည်းပညာပိုင်းဆိုင်ရာများကိုပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ

0
237

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ရုရှားနိုင်ငံ၊ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း (JSC “Tyazhpromexport”) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Sergey Egorov တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား ရုရှားနိုင်ငံ၊ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း(JSC “Tyazhpromexport”) ကိုယ်စားလှယ်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Mr. Sergey Egorov က ဒီဇင်ဘာ ၆ ရက်(ယနေ့)မွန်း လွဲပိုင်းတွင် နေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်ရေးလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ရုရှားနိုင်ငံမှ နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံ၊နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း (JSC“Tyazhpromexport”)၏ညွှန်ကြား ရေးမှူးချုပ် Mr. Sergey Egorov နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV နှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here