အဝါရောင်အဆင့်သတ်မှတ်ထားသည့် အား ကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် တစ်နာရီလျင် မိုင်(၄၀)မိုးသက်လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ဟု မိုးဇလအသိပေး

0
415

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အားကောင်းသောမုန်တိုင်းငယ်အခြေ အနေနှင့်ပတ်သက်၍ ဒီဇင်ဘာ ၇ ရက်(ယနေ့)နံ နက် ၁၁ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မိုးဇလ၏တိုင်း ထွာချက်များအရ အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အ နောက်တောင်ဘက်ရေမိုင် ၅၄၀ ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၆၀ ခန့်အကွာရှိ ပင်လယ်ပြင်အား ဗဟိုပြုနေပြီး မြန် မာနိုင်ငံဘက်သို့ ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် ယ နေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ယင်း မုန်တိုင်းငယ်၏အရှိန်ကြောင့် မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိရှိနိုင်သည့် တစ်နာ ရီလျင် မိုင်(၄၀)အထိ မိုးသက်လေပြင်းများတိုက် ခတ်နိုင်သည်ဟု မိုးဇလကအသိပေးထားသည်။

လာမည့် ၇၂ နာရီအတွင်း၌လည်း ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့်တနင်္သာရီတိုင်းတို့တွင်နေရာကျဲကျဲ နေပြည်တော်၊မကွေးတိုင်း၊ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ရခိုင်ပြည် နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည် နယ်တို့တွင်နေရာကွက်၍ မိုးသည်းထန်စွာရွာ သွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုး ရွာသွန်းခြင်း၊လေပြင်းတိုက်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြု နေထိုင်ကြရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here