သစ်တောပြုန်းတီးမှုနှင့်ဆက်စပ်သည့်ပစ္စည်းများတင်ပို့ခြင်းကိုတားမြစ်သည့်ဥပဒေကိုအီးယူအတည်ပြု

0
236

ဘရပ်ဆဲလ်၊ဒီဇင်ဘာ ၆

ပဲပိစပ်၊အမဲသား၊ကော်ဖီနှင့် ကမ္ဘာတစ်ဝန်းရှိ သစ်တောပြုန်းတီးမှုနှင့်ဆက်စပ်သည့် အခြားကုန်ပစ္စည်းများအား အီးယူဈေးကွက်သို့ တင်ပို့ရောင်းချခြင်းမှတားမြစ်သည့်ဥပ‌ဒေကို အီးယူကအတည်ပြုလိုက်ကြောင်းသိရှိရသည်။

အဆိုပါဥပဒေအရ ကုမ္ပဏီများအနေဖြင့် ၎င်းတို့တင်ပို့မည့်ပစ္စည်းများသည် သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်မှုမရှိကြောင်း ခိုင်လုံသောအထောက်အထားပြရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက ကြီးလေးသောဒဏ် ငွေ ပေးဆောင်ရမည်ဖြစ်သည်။

ယခုပြဌာန်းသည့်ဥပဒေ၌ ပဲပိစပ်၊အမဲသား၊စားအုန်းဆီ၊သစ်၊ကိုကိုး၊ကော်ဖီစသည့်အရာများသာမက သစ်တောထွက်ပစ္စည်းများနှင့်ဆက်စပ်နေသည့် သားရေ၊ချောကလက်နှင့်ပရိဘောဂပစ္စည်းများအပေါ်၌လည်း အထူးတင်းကြပ်ထားသည်။

ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ကုန်ပစ္စည်းများကို မည်သည့်အချိန်မည်သည့်နေရာတွင် ထုတ်လုပ်ထားသည်ဟူသောအချက်များကို ခိုင်ခိုင်မာမာတင်ပြရမည်ဖြစ်သည်။

ယင်းနောက် ၎င်းတို့၏ထုတ်ကုန်များသည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းသစ်တောပြုန်းတီးမှုဧရိယာများ၌ စိုက်ပျိုးထားခြင်းမျိုးမဟုတ်ကြောင်း အထောက်အထားပြရမည်ဟုလည်းပါရှိသည်။

ဘရာဇီး၊အင်ဒိုနီးရှား၊ကိုလံဘီယာနှင့် မလေးရှားတို့ကမူ အီးယူကပြဌာန်းလိုက်သည့်ယခုဥပဒေသည် ကုန်ကျစရိတ်များပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟုဆိုကာဝေဖန်ခဲ့ကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here