တာချီလိတ်မြို့တွင် အသက်(၁)နှစ်ကျော်နှင့်(၂) နှစ်ကျော်ကလေး ၂ ဦးအပါအဝင် ၅ ဦး ချောက လက်အလုံးများစားပြီးနောက် မူးဝေအော့အန်၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရ

0
401

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ဒီဇင်ဘာ ၇ ရက်(ယနေ့)မွန်းတည့်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က တာချီလိတ်မြို့၊ရန်အောင်မြေပါလျှံ(၁)ရပ်ကွက်၊အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းအနီးရှိ အိမ်ခန်းအဌားတစ်ခုတွင် ကလေးငယ် ၂ ဦးနှင့်လူကြီး ၃ ဦးတို့သည် ချောကလက်အလုံးများအား စားခဲ့ကြသည်။

ထိုသို့ ချောကလက်အလုံးများစားပြီးနောက် မောင်ထူးမြတ်ဝေ(၂ နှစ် ၄ လ)၊ မနန်းသဇင်မိုး(၁ နှစ် ၄ လ)၊ မသီတာသိမ့်(၂၉)နှစ်၊ မယမင်း(၂၁) နှစ်နှင့်မောင်အောင်ကျော်လင်း(၁၇)နှစ်တို့တွင် မူးဝေအော့အန်မှုများဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဥ်အား သတင်းအရ ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ လူနာတင်ကားများဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖုန်းဆက်အကူအညီတောင်းတာကြောင့် ချက်ခြင်းသွားပြီး ကူညီပေးခဲ့ပါတယ် မူးဝေအော့အန်တာတွေဖြစ်တယ် မဖြစ်ခင်မှာချောကလက်အလုံးတွေစားမိတယ်ပြောတယ် ဆရာဝန်တွေကုသစစ်ဆေးပေးနေပါတယ်”ဟု ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here