နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးညီ လာခံ-၂၀၂၂ သို့ မြန်မာသံရုံး၊ဝါရှင်တန်မြို့၏ သံ ရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း တက်ရောက်

0
292

နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးညီ လာခံ-၂၀၂၂ အား ဒီဇင်ဘာ ၆ ရက်မှစတင်၍ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ကိုယ်စား) မြန်မာသံရုံး၊ ဝါရှင်တန်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းနှင့်ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦးတို့တက်ရောက်လျက်ရှိသည်။

နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးညီ လာခံ-၂၀၂၂ အား ဂျာမနီနိုင်ငံ၊ဘာလင်မြို့အခြေ စိုက် ‘Transparency International’ အဖွဲ့မှကြီးမှူး၍ အမေရိကန်နိုင်ငံ၊ဝါရှင်တန်မြို့ရှိ Omni Shoreham Hotel တွင်ကျင်းပလျက်ရှိသည်။

ညီလာခံဖွင့်ပွဲတွင် အမေရိကန်သမ္မတ၏ အမျိုး သား လုံခြုံရေးအကြံပေး Mr. Jake Sullivan ၊ မော်လ်ဒိုဗာနိုင်ငံသမ္မတ H.E. Ms. Maia Sandu ၊ U.S. Agency for International Development (USAID) ၏အကြီးအကဲ Ms. Samantha Power ၊ Transparency International အဖွဲ့ဥက္ကဋ္ဌ Ms. Delia Ferreira Rubio ၊ Transparency International အဖွဲ့အမှုဆောင်ညွှန်ကြားရေးမှူး Mr. Gary Kalman ၊ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံကောင်စီ ဥက္ကဋ္ဌ Ms. Huguette Labelle တို့က အမှာစကားများပြောကြားခဲ့ကြသည်။

ညီလာခံအား နိုင်ငံ ၁၄၀ ကျော်မှ အစိုးရကိုယ်စား လှယ်များ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ၊ IMF ၊ UNDP ၊ ကု လသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ သု တေသီများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများနှင့်တက္ကသိုလ်ကျောင်း သားများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here