ရှမ်းပြည်နယ်ရှိ မန္တလေး-လားရှိုးသွားပြည်ထောင် စုလမ်းတွင် ယာဥ်တိုက်မှုဖြစ်၍ အမျိုးသားတစ်ဦးကားအတွင်းညပ်ပြီးသေဆုံး

0
285

ရှမ်းပြည်နယ်ရှိ မန္တလေး-လားရှိုးသွားပြည်ထောင် စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၇ ရက်(ယနေ့)မွန်းတည့်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်က မန္တလေး- လားရှိုးသွားပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၁၁/၂ နှင့် ၁၁၁/၃ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသား ၁ ဦးညပ်နေကြောင်း သတင်းအရ ကျောက်မဲခရိုင်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် ကားအတွင်းညပ်၍သေဆုံးသွားသည့် အမျိုးသား၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ကျောက်မဲမြို့)မှ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဘယ်ကားနဲ့ဘယ်ကားတိုက်တယ်ဆိုတာကတော့ ကျွန်တော်တို့လည်းမသိဘူးဗျ ကျွန်တော်တို့က မီးသတ်ကအလောင်းကိုထုတ်ပေးပြီးတော့မှ ဆေးရုံကိုသယ်ပို့ပေးခဲ့တာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here