ကမ္ဘာ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းထုတ်လုပ်မှု လာမည့် ၅ နှစ်အတွင်း ၂ဆတိုးလာမည်

0
344

ဆက်လက်ဖြစ်ပွားနေသော စွမ်းအင်အကျပ်အတည်းကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အားပေးစက်ရုံတည်ထောင်မှုများ အရှိန်အဟုန်မြင့်မာ်းလာနေသောကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စွမ်းဆောင်ရည်သည် လာမည့်ငါးနှစ်အတွင်း နှစ်ဆနီးပါး ရှိလာမည်ဟု မျှော်လင့်ထားကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA) က အင်္ဂါနေ့ကထုတ်ပြန်သော ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အားပမာဏသည် ၂၄၀၀ ဂီဂါဝပ်(GW) ဖြင့် ၂၀၂၂-၂၀၂၇ကာလတွင် တိုးလာမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ကျောက်မီးသွေးကို ကျော်လွန်၍ လျှပ်စစ်ဓာတ်အား အများဆုံးထုတ်လုပ်သည့်အရင်းအမြစ်အဖြစ် ရပ်တည်နိုင်မည်ဟု IEA ကဆိုသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် လာမည့်ငါးနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာလျှပ်စစ်ဓာတ်အားတိုးချဲ့မှု၏ ၉၀ရာခိုင်နှုန်းကျော်ရှိလာမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ကမ္ဘာကြီးပူနွေးလာမှုကို 1.5 ဒီဂရီစင်တီဂရိတ်အထိတွင် တည်မြဲနေစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်းကိုလည်း IEA အစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref: Global renewable energy capacity set to double over next five years: IEA


LEAVE A REPLY

Please enter your comment!
Please enter your name here