စီးပွားရေးတိုးတက် စေရန် တရုတ်သမ္မတရှီ ဆော်ဒီသို့သွားရောက်

0
245

ပေကျင်း၊ဒီဇင်ဘာ ၇

ကိုဗစ်တိုက်ဖျက်ရေးအစီအစဉ်များကြောင့် စီးပွားရေးကျဆင်းမှုအား ပြန်လည်မြှင့်တင်ရန်ကြိုးပမ်းနေချိန်၌ တရုတ်သမ္မတရှီသည် ဆော်ဒီတွင်ကျင်းပနေသည့် ဒေသတွင်းထိပ်သီးအစည်းအဝေး နှစ်ခုသို့ တက်ရောက်နေကြောင်းသိရှိရသည်။

၎င်းသည်ဆော်ဒီမြို့တော်၌ကျင်းပနေသည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်ခြောက်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံပွဲအပါအဝင် တရုတ် – အာရပ်ထိပ်သီးအစည်းဝေးကိုလည်းတက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါအစည်းအဝေးတွင် ဆော်ဒီ၊တရုတ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဆော်ဒီငွေ ဘီလျံ ၁၁၀ ကျော် ( ဒေါ်လာ ၂၆ ဘီလျံ)တန်ဖိုးရှိသည့် ကနဦးသဘောတူညီချက်ကိုလည်း လက်မှတ်ထိုးမည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

သမ္မတရှီ၏ယခုခရီးစဉ်သည် ကိုဗစ်စည်းမျဉ်းများကြောင့် ဝေဖန်ခံနေရခြင်းချိန်တွင် ၎င်းကိုယ်ကိုပြန်လည်တည်ဆောက်ခြင်းဖြစ်နိုင်သည်ဟုလည်းဆိုကြသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here