ကိုးကန့်ဒေသနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းနေကို ဖော်ထုတ်အရေးယူမည်ဟုဆို

0
540

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းများ ဖြန့်ဝေနေခြင်းအပေါ် ဖော်ထုတ်အရေးယူမည်ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးက အသိပေးထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ (၆) ရက်က တရုတ်ဘာသာဖြင့် ထုတ်ပြန်လာသည့် အဆိုပါ ထုတ်ပြန်ချက်တွင် သတင်းမှားများ ဖြန့်ဝေနေခြင်းကြောင့် ကိုးကန့်ဒေသ၏ လူမှုအသိုက်အဝန်းနှင့် လူနေမှုဘဝကို ထိခိုက်နစ်နာမှုများရှိနေကြောင်း ဖော် ပြထားသည်။

လတ်တလောတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လောက်ကိုင်မြို့အပါအဝင် နေရာအချို့တွင် လူမှောင်ခိုမှုများ ၊ လူကုန်ကူးခံရခြင်းများ၊ တရားမဝင် အွန်လိုင်းဂိမ်းရုံများ၌ ညှင်းပန်းနှိပ်စက်ခံရမှုများအပါအဝင် ဥပဒေပြင်ပ လုပ်ဆောင်မှုများကြောင့် လူငယ်အများအပြား ဒုက္ခရောက်နေသည်ဆိုသည့် သတင်းများကို လူမှုကွန်ရက် စာမျက်နှာများမှတဆင့်ရေးသားဖြန့်ဝေခြင်းများ ရှိနေခြင်း ဖြစ်သည်။

အဆိုပါ သတင်းများ ဖြန့်ဝေမှုကြောင့် ကိုးကန့်ဒေသရှိ လူမှုအသိုက်အဝန်းနှင့် ပြည်သူများ၏ ထုတ်လုပ်မှုများနှင့် လူနေမှုဘဝများအပေါ် ထိခိုက်မှုများ ဖြစ်စေသည့်အတွက်ချက်ချင်း ပြန်လည်ဖြုတ်ချရန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

ထို့အပြင် သတင်းမှားများ၊ ထိတ်လန့်တကြားဖြစ်စေရန် ဆိုးရွားသောအပြုအမှုများပြုလုပ်မည်ဆိုပါကလည်း ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ်ကာ အရေးယူမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ကိုးကန့်လူမျိုးများအနေဖြင့် ငြိမ်းချမ်းရေးကို နှစ်သက်ကြပြီး ဒေသအတွင်း လက်ရှိအခြေအနေမှာ တည်ငြိမ်လျ က်ရှိကာ တပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလ က်နက်ကိုင်အဖွဲ့ အစည်းများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်နိုင်သောအရည်အချင်းရှိကြောင်းလည်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် လူမှုကွန်ရက် စာမျက် နှာတွင် ဖြန့်ဝေနေသည့် သတင်းမှားများကို မယုံကြည်ကြရန်နှင့် သတင်းမှား ဖြန့်ဝေသူများအနေဖြင့်  ထပ်မံဖြန့်ဝေခြင်းများမပြုလုပ်ကြရန် အသိပေးတိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here