ထိုင်းဝန်ကြီးချုပ်က နှစ်နှစ်အတွင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမည်ဟုဆို

0
303

ဘန်ကောက်၊ဒီဇင်ဘာ ၆

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပထမဆုံးအကြိမ်အဖြစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် လာမည့် ၂ ၀၂၅ ခုနှစ်အထိ အုပ်ချုပ်လိုကြောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် နောက်နှစ်အစောပိုင်း၌ ရွေးကောက်ပွဲကျင်းပရန်စီစဉ်ထားပြီး အင်္ဂါနေ့က အဓိကအတိုက်အခံ ဖူဝါထိုင်းပါတီသည်မဲဆွယ်စည်းရုံးရေးကိုစတင်ခဲ့သည်။

အခြေခံဥပဒေခုံရုံးသည် စက်တင်ဘာလက ပရာယွတ်၏ဝန်ကြီးချုပ်သက်တမ်းကို ၂၀၂၅ ခုနှစ်အထိ ရှစ်နှစ်တာအဖြစ်ကန့်သတ်ခဲ့သည်။အင်္ဂါနေ့ကအပတ်စဉ်အစိုးရအဖွဲ့အစည်းအဝေးမှထွက်ချိန်၌ ၎င်းအားသတင်းထောက်များကသူ၏အစီီအစဥ်နှင့်ပတ်သက်၍မေးမြန်းသောအခါမစ္စတာပရာယွတ်က ၎င်းအနေဖြင့်နှစ်နှစ်အတွင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါကာလပြီးပါက ပြည်သူ့ဆန္ဒအတိုင်းလွတ်လပ်စွာရွေးချယ်နိုင်ပြီး သင့်လျော်လက်ခံနိုင်မည့်ဆက်ခံသူအား လွှဲပေးမည်ဟုဆိုခဲ့သည်။

ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို အတိအကျမသတ်မှတ်ရသေးသော်လည်း အချိန်မှီမသတ်မှတ်နိုင်ပါက လွှတ်တော်သက်တမ်းသည် မတ်လတွင်ကုန်ဆုံးမည်ဖြစ်သဖြင့် မေလ၌မဲခွဲဆုံးဖြတ်ရမည်ဖြစ်ကြောင်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here