မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု၊စီးပွား ရေးရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်

0
305

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအ မတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Mongkol Visitstump သည် ဒီဇင်ဘာ ၇ ရက်(ယနေ့)နံနက် ၁၀ နာရီက နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံ၍ ၎င်း၏သံအမတ်ခန့်အပ်လွှာအား ပေးအပ်ခဲ့သည်။

တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စများ၊နယ် စပ်ကုန်သွယ်မှု၊စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့်ခရီး သွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပနိုင်ရန်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နစက တွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးဝဏ္ဏဟန်နှင့်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here