အမေရိက သည် ကန်ဒေါ်လာ ၄၂၈ သန်းဖိုး လေယာဉ်အပိုပစ္စည်းများ‌ရောင်းချကာ ထိုင်ဝမ်လေတပ်အားစွမ်းရည်မြှင့်ပေးမည်

0
120

တိုင်ပေ၊ဒီဇင်ဘာ ၇

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်ဝမ်လေတပ်အား ကူညီနိုင်ရန်အတွက် အ မေရိကန်ဒေါ်လာ ၄၂၈ သန်းတန်ဖိုးရှိ လေယာဉ်အပိုပစ္စည်းရောင်းချမှုအား ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

ထိုင်ဝမ်လေတပ်သည် စုစည်းမှုကောင်းမွန်သော်လည်း အသုံးပြုသည့်ပစ္စည်းများသည် အချိန်ကာလကြာမြင့်နေပြီဖြစ်သဖြင့် တရုတ်နိုင်ငံနှင့်ယှဉ်ပါကသေးနုပ်နေသည်။

ပင်တဂွန်၏ထုတ်ပြန်ချက်အရ ယခုရောင်းချပေးမည့်အစိတ်အပိုင်းများသည် ထိုင်ဝမ်၏ F – 16 တိုက်လေယာဉ်များ၊ကာကွယ်ရေးတိုက်လေယာဉ်များနှင့် အခြားအမေရိကန်ထုတ်လေယာဉ်များအားလုံးအတွက်အသုံးပြုနိုင်မည်ဟုသိရှိရသည်။

အမေရိကသည် ထိုင်ဝမ်နှင့်တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်၏အရေးအကြီးဆုံးလက်နက်ထောက်ပံ့သူဖြစ်သည်ဟုဖော်ပြထားသည်။

ထိုင်ဝမ်သမ္မတရုံး၏ထုတ်ပြန်ချက်အရ ဘိုင်ဒင်အစိုးရလက်ထက်၌ ယခုတစ်ကြိမ်ရောင်းချမှုသည် ခုနစ်ကြိမ်မြောက်ဖြစ်ပြီး အမေရိက၏အကူအညီကြောင့် ထိုင်ဝမ်အနေဖြင့် ရန်စမှုများကို မိမိဘာသာ ကာကွယ်နိုင်စွမ်းမြင့်မားလာသည်ဟုပါရှိသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း ထိုင်ဝမ်သို့အမေရိက၏လက်နက်ရောင်းချမှုအား ရပ်တန့်ပေးရန်အကြိမ်ကြိမ်တောင်းဆိုထားပြီး အမေရိကန်၏ လက်နက်ထုတ်သူလုပ်သူများကိုလည်း ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here