အလုပ်အကိုင်အခွင့်အလမ်းအတွက် နေ့ပိုင်းအချိန်တွင် စက်မှုဇုန်များကို ဦးစားပေးဓာတ်အားဖြန့်ဝေပေးထားခြင်းဖြစ်ဟု YESC အသိပေး

0
377

ရန်ကုန်တိုင်းအတွင်း၌ နေပိုင်းအချိန်များတွင် အုပ်စု ၂ ခုခွဲ၍ လျှပ်စစ်မီး ၄ နာရီလာ ၄ နာရီပြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးလျက်ရှိပြီး စက်မှုဇုန်များကိုမူ နံနက် ၉ နာရီမှညနေ ၅ နာရီအထိ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးထားခြင်းနှင့်ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ဒီဇင်ဘာ ၈ ရက်(ယ နေ့)တွင် အသိပေးခဲ့ခြင်းဖြစ်သည်။

YESC ၏အသိပေးချက်အရ မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဓာတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှုလျော့နည်းလာခြင်း၊သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအ ချို့ပြင်ဆင်ထိန်းသိမ်းလျှက်ရှိခြင်း၊လာမည့် နွေ ရာသီကာလဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေလှောင်တမံများရှိ သိုလှောင်ဆည်ရေအား မျှတထိန်းညှိမောင်းနှင်နေရခြင်းတို့ကြောင့် လျှပ် စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမလုံလောက်၍ မြန် မာနိုင်ငံတဝှမ်း၌ အလှည့်ကျဝန်အားလျှော့ချဓာတ်အားဖြန့်ဖြူးပေးနေရခြက်းဖြစ်သည်ဟု ရေးသားထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် နေ့ စဉ်နံနက် ၉ နာရီမှညနေ ၅ နာရီအတွင်း အုပ်စုခွဲ၍ အလှည့်ကျဓာတ်အားဖြန်ဝေပေးနေရပြီး နေ့ပိုင်းအချိန်တွင် ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် စက်မှုဇုန်များကိုဦးစားပေးဓာတ်အားဖြန့်ဝေပေးထားသည်ဟု ရေးသားထား သည်။

သို့ရာတွင် ညနေ ၅ နာရီမှနောက်ရက်နံနက် ၉ နာရီအထိ ဓာတ်အားစနစ်မှခွဲဝေရရှိသည့် လျှပ်စစ်စွမ်းအင်ပမာဏအား ပြည်သူများထံအတတ်နိုင်ဆုံးမျှတ၍ ဓာတ်အားဖြန့်ဝေပေးလျက်ရှိပြီး ဆေးရုံများ၊တက္ကသိုလ်ကျောင်းများ၊ဘုရားစေတီများနှင့်အရေးကြီးဌာနဆိုင်ရာများအား ၂၄ နာရီ ဓာတ် အားဖြန့်ဝေပေးရန်စီမံထားသည်။

ထိုသို့ မျှတ၍ ဓာတ်အားဖြန့်ဝေနေစဉ် ဓာတ်အားစနစ်အတွင်းရှိ ဓာတ်အားလိုင်းများချို့ယွင်းခြင်း၊ ဓာတ်အားထုတ်စက်များချို့ယွင်းခြင်းတို့ကြောင့် နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုပျက်ပြားပြီး System Breakdown ဖြစ်ပေါ်ခြင်းမှကာကွယ်နိုင်ရန် အရေးပေါ်ဝန်အားလျှော့လျက် ဓာတ်အားပိတ်ရခြင်းများပြုလုပ်ရသည်ဟု YESC ကအသိပေးခဲ့သည်။

YESC သည် နိုင်ငံတော်ဓာတ်အားစနစ်မှခွဲဝေရရှိသည့် လျှပ်စစ်ဓါတ်အားများကို ပြည်သူများထံ စနစ်တကျမျှတစွာဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသော်လည်း မမျှော်လင့်ဘဲ ပစ္စည်းများချိုယွင်းခြင်းကြောင့် အရေးပေါ်ပြုပြင်ရမည့်ကိစ္စများပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် လျှပ်စစ်နှင့်ပတ်သက်၍ သိလိုသည့်ကိစ္စရပ်များ၊ ပြည်သူများမေးမြန်းသည့်ကိစ္စများအား YESC Callcenter Facebook Page, (၂၄) နာရီဖုန်းဖြေကြားဝန်ဆောင်မှု ဖုန်း (01-2302285, 01-2302286, 01-2302287, 01-2302288, 01-2302289)၊ Hot Line နံပါတ် (1717) နှင့်မြို့ နယ်အလိုက် Facebook pages များမှအချိန်နှင့်တပြေးညီ အသိပေးဆောင်ရွက်လျက်ရှိသည်ဟု YESC ကအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here