အမရပူရမြို့နယ်ရှိ ဒုဋ္ဌဝတီမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသား ၂ ဦးအား ဆက် လက်ရှာဖွေ

0
248

မန္တလေးတိုင်း၊အမရပူရမြို့နယ်ရှိ ဒုဋ္ဌဝတီမြစ်အ တွင်း ဒီဇင်ဘာ ၇ ရက်ညနေပိုင်းက ရေနစ်ပျောက် ဆုံးသွားသည့် အသက်(၂၁)နှစ်အရွယ်ခန့်စီရှိ အမျိုးသား ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသား ၂ ဦးသည် အမရပူရမြို့နယ်၊တောင်ကိုင်းကျေးရွာအနီးရှိ ဒုဋ္ဌဝတီမြင်အတွင်း ရေဆင်းကစားရာမှပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အသင်းရုံးကို ည ၆ နာရီလောက်မှာ ပျောက်သွားတဲ့အမျိုးသား ၂ ယောက်ရဲ့မိသားစုဝင်တွေကဖုန်းဆက်ပြီး ကူညီရှာပေးဖို့အကြောင်းကြားတာနဲ့သွားရှာပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)၏ Rescue Diver Team (Myanmar) အဖွဲ့ဝင်များက ည ၈ နာရီအထိ ရှာဖွေမှုများပြု လုပ်ခဲ့သော်လည်း ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသား ၂ ဦးအား ပြန်လည်တွေ့ရှိခဲ့ရခြင်းမရှိသေးသဖြင့် ဒီဇင်ဘာ ၈ ရက်(ယနေ့)တွင်လည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

“ဒီနေ့မနက် ၈ နာရီကစပြီးရှာဖွေရေးလုပ်ငန်းတွေဆက်လုပ်နေပါတယ် ညကတော့အရမ်းမှောင်သွားတဲ့အတွက် ည ၈ နာရီလောက်မှာ ရှာဖွေရေးကို ယာယီရပ်နားခဲ့တာပါ ရေနစ်ပြီးပျောက်သွားတဲ့ ၂ ယောက်က သမိုင်းကုန်းဘက်ကလို့သိထားပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှတာဝန်ရှိသူတစ်ဦးကပြော သည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here