ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ဒုတိယမြောက်ခြေစမ်းပွဲတွင် ထိုင်းလိဂ်-၂ ကလပ် ဆာမက်ပရာခန်အသင်းအား ၂ ဂိုးပြတ်ဖြင့်အနိုင် ရရှိ

0
132

ထိုင်းနိုင်ငံ၌လေ့ကျင့်မှုများပြုလုပ်နေသည့် ပဏာ မမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ထိုင်းလိဂ် ဘောလုံးကလပ်အသင်းများနှင့်ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားလျက်ရှိသည်။

ထိုသို့ ယှဥ်ပြိုင်ကစားလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်ည ၆ နာရီခွဲက ထိုင်းလိဂ်-၂ ကလပ်အသင်းဖြစ်သည့် ဆာမက်ပရာခန်အသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့ကြသည်။

ပဏာမမြန်မာလက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးများအား ပထမပိုင်းပွဲကစားချိန်၌ အောင်နိုင်ဝင်းနှင့်မြတ်ကောင်းခန့်တို့ကသွင်းယူပေးခဲ့ကြသဖြင့် ပွဲပြီးချိန်တွင် ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက ဆာမက်ပရာခန်အသင်းအား ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့၌ နိုင်ငံတကာခြေစမ်းပွဲအ ဖြစ် ထိုင်းလက်ရွေးစင်အသင်းနှင့်ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် နိုဝင်ဘာ ၂၉ ရက်က ခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်ဟောင်းဇော်မင်းထွန်းပါဝင်ပြီး ထိုင်းလိဂ်-၁ မှကစားသမားများပါဝင်သည့် ထိုင်းလိဂ် -၂ ကလပ် ချွန်ဘူရီအသင်းနှင့်ယှဥ်ပြိုင်ကစားရာ တွင်လည်း ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here