ဂင်းနစ်စံချိန် ၃ ခုကို ချိုးဖျက်ပြခဲ့သည့် အော်ရီဂွန်မှ မျက်မမြင်မြင်း အန်ဒို

0
301

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှ မျက်လုံးမပါရှိသော အသက် ၂၂ အရွယ် မြင်းတစ်ကောင်သည် မျက်မမြင်မြင်းမှ အလွတ်ခုန်နှုန်း အမြင့်ဆုံး၊ တစ်မိနစ်အတွင်း မြင်းတစ်ကောင်မှ အများဆုံး ခုန်ပြန်လှည့်ခြင်းနှင့် မျက်မမြင်မြင်းမှ တိုင်ငါးတိုင်ကို အလျင်မြန်ဆုံး ကွေ့ပတ် ရှောင်ကွင်းသွားလာခြင်း ဟူသည့် ဂင်းနစ်ကမ္ဘာ့စံချိန် ၃ ခုကို ချိုးဖျက်နိုင်ခဲ့သည်။

ထိုမြင်း၏ အမည်မှာ အန်ဒို ဖြစ်ပြီး သခင်ဖြစ်သူ မော်ဂန် ဝဂ္ဂနာက သူ၏ အသက် ၁၃ နှစ်အရွယ်တွင် အဖွားဖြစ်သူထံမှ ရရှိခဲ့သည်ဟု ဆိုသည်။

အန်ဒိုသည် အသက် ၈ နှစ်အရွယ်တွင် မျက်လုံးဆိုင်ရာ ပြဿနာများ စတင်ရင်ဆိုင်လာရပြီး မတတ်နိုင်သည့်အဆုံး နောက်ဆုံးတွင် သူ၏ မျက်လုံးများကို ဖယ်ရှားပစ်ခဲ့ရသည်ဟု မော်ဂန်က ပြောသည်။

အန်ဒိုသည် မျက်လုံးမကွယ်ခင်က အဆင့်မြင့်တန်း မြင်းစီးပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံ့အဆင့် ချန်ပီယံဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် မျက်လုံးကွယ်ပြီးနောက် စည်းမျဉ်းပုံစံအသစ်ဖြင့် နောက်တစ်ကြိမ် ထပ်ခုန်နိုင်ရန် သင်ယူခဲ့ရကြောင်း ပိုင်ရှင်ဖြစ်သူက ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းသို့ ပြောခဲ့သည်။

အန်ဒိုသည် လေထဲတွင် အမြင့် ၃ ပေနှင့် ၅ ဒသမ ၇၃ လက်မအထိ ခုန်ပြခဲ့ကာ မျက်မမြင်မြင်းမှ အလွတ်ခုန်နှုန်း အမြင့်ဆုံးစံချိန်ကို ချိုးဖျက်ခဲ့သည်။ ထို့နောက် စက္ကန့် ခြောက်ဆယ်အတွင်း ခြေသုံးချောင်းထောက်၍ ကျန်ရှေ့ခြေ လှည့်၍ မြောက်ပြခြင်းကို ၃၆ ကြိမ် ပြုလုပ်ခဲပြီး အများဆုံး ခုန်ပြန်လှည့်ခြင်း စံချိန်ကို ချိုးဖျက်ခဲ့ပြန်သည်။ ထို့ပြင် တိုင်ငါးတိုင်ကို ၆ ဒသမ ၉၃ စက္ကန့်အတွင်း ကွေ့ဝိုက်ရှောင်ပြ၍ နောက်ဆုံးစံချိန်ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်သည်။

Source: UPI


LEAVE A REPLY

Please enter your comment!
Please enter your name here