ယူကေနယ်ခြားစောင့်တပ်က ခရစ္စမတ်ကာလ၌ သပိတ်မှောက်မည်ဟုဆို

0
341

လန်ဒန်၊ဒီဇင်ဘာ ၇

လေဆိပ်များ၌ နိုင်ငံကူးလက်မှတ်ထိန်းချုပ်စစ်ဆေးရေးလုပ်ဆောင်နေသည့် ဝန်ထမ်းများကခရစ္စမတ်နေ့တွင်သပိတ်မှောက်ရန် အတည်ပြုခဲ့ကြသဖြင့် ခရီးသွားများအခက်အခဲကြုံရနိုင်ကြောင်း ဗြိတိန်၏အကြီးဆုံးအလုပ်သမားသမဂ္ဂများထဲမှတစ်ခုကပြောကြားခဲ့သည်။

ပြည်သူ့ရေးရာနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုများ (PCS) သမဂ္ဂအထွေထွေအတွင်းရေးမှူး Mark Serwotka က နယ်ခြားစောင့်တပ်များသည် ဒီဇင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရှစ်ရက်ကြာ သပိတ်မှောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယူကရိန်းစစ်ကြောင့် မြင့်တက်လာသောဈေးနှုန်းများ၊ငွေကြေးဖောင်းပွမှုများနှင့် အဆမတန်မြင့်တက်နေသောလောင်စာဈေးနှုန်းများ‌အကြား ဝန်ထမ်းများသည် ရုန်းကန်နေရသည်ဟုလည်း မစ္စတာ Mark Serwotka ကပြောကြားခဲ့သည်။

ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ်သစ်မစ္စတာဆူးနက်ခ်က အလုပ်သမားသမဂ္ဂများအား ပြစ်တင်ဝေဖန်ခဲ့ပြီး ဗြိတိန်ပြည်သူလူထုအားထိခိုက်နစ်နာပါက တင်းကြပ်သောဥပဒေပြဌာန်းမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here