ကျောင်းပို့လာသည့်ဆိုင်ကယ်အား ကားကနောက်မှဝင်တိုက်ထွက်ပြေး ကျောင်းသူတစ်ဦး၊ကျောင်းသားတစ်ဦးနှင့်ဆိုင်ကယ်မောင်းသူတို့ဒဏ်ရာရရှိခဲ့မှု မော်လမြိုင်မြို့တွင်ဖြစ်ပွား

0
588

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မောင်ငံရပ်ကွက်၊တောင်ဝိုင်းလမ်းတွင် ဒီဇင်ဘာ ၈ ရက်(ယနေ့)နံ နက်ပိုင်းက ကျောင်းပို့လာသည့်ဆိုင်ကယ်အား ကားကနောက်မှဝင်တိုက်မိခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်ဟု မော်လမြိုင်မြို့အခြေစိုက် လူမှုကူညီရေးအ သင်းများမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က မောင်ငံရပ်ကွက်၊တောင်ဝိုင်းလမ်းတွင် ကားတစ်စီးမှ Grade-5 ကျောင်းသူတစ်ဦးနှင့် Grade-2 ကျောင်းသားတစ်ဦးတို့အား တင်ဆောင်မောင်းနှင်လာသည့် ဆိုင်ကယ်အား အနောက်မှဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်မိပြီးနောက် ကားမှာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ပေါ်၌ လိုက်ပါလာသည့် Grade-5 ကျောင်းသူမှာ ခြေ ထောက်ကျိုးသွားပြီး Grade-2 ကျောင်းသားနှင့်ဆိုင်ကယ်မောင်းသူတို့တွင်လည်း ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကားအမျိုးအစားကိုတော့မမှတ်မိကြဘူးလို့ပြောတယ် ကားကတိုက်ပြီးမောင်းပြေးသွားတာ ပတ် ဝန်းကျင်ကလူတွေကလည်း ကလေးတွေကိုဂရု စိုက်နေရတာဆိုတော့ သတိမထားလိုက်မိဘူးပေါ့ ဆိုင်ကယ်လည်းပျက်စီးသွားတယ် ကလေးတွေက အ.လ.က(၇)မှာတက်နေတဲ့ ကျောင်းသားလေးတွေပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား လူမှုကူညီရေးအသင်းဝင်များက အခင်းဖြစ်နေရာ၌ အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြပြီး မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


 


LEAVE A REPLY

Please enter your comment!
Please enter your name here