အီတလီတွင် တင်ဆက်သည့် ရုရှားအော်ပရာ အီတလီသမ္မတ တက်ရောက်အားပေး

0
402

ရုရှားနိုင်ငံမှ အနုပညာရှင် Modest Mussorgsky စီစဉ်တင်ဆက်သော Boris Godunov အော်ပရာဖြင့် အီတလီနိုင်ငံ မီလန်မြို့ရှိ La Scala ပြဇာတ်ရုံ၏ အော်ပရာ ရာသီကို စတင်ဖွင့်လှစ်လိုက်ရာ အီတလီသမ္မတကိုယ်တိုင် တက်ရောက်အားပေးခဲ့သည်။

အဆိုပါ အော်ပရာအဖွင့်တွင် ထင်ရှားသော ရုရှားအဆိုတော် Ildar Abdrazakov က ပဏာမတေးကို သီဆိုခဲ့ရာ အီတလီသမ္မတ Sergio Mattarella က လှိုက်လှိုက်လှဲလှဲအားပေးခဲ့ပြီး “ကျွန်တော့်ကို ကံကောင်းပါစေလို့ သူက ဆုတောင်းသွားတယ်”ဟုလည်း ပြောကြားခဲ့သည်။

ယင်းအော်ပရာအဖွဲ့တွင် စိန့်ပီတာစဘတ်မှ အနုပညာရှင်များအပြင် ဒိန်းမတ်နိုင်ငံမှ အော်ပရာအဆိုတော်များလည်း ပါဝင်ကြောင်းသိရသည်။

Ref: Russian opera Boris Godunov opens season at Italy’s La Scala theater


LEAVE A REPLY

Please enter your comment!
Please enter your name here