ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် နိုင်ငံ ၈နိုင်ငံ ပူးပေါင်းတည်ဆောက်မှု စတင်

0
267

၂၁ ရာစုအတွင်း အကြီးမားဆုံး သိပ္ပံစီမံကိန်းများအနက် တစ်ခုဖြစ်သော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို နိုင်ငံ ၈ နိုင်ငံမှ ပူးပေါင်းတည်ဆောက်မှု တနင်္လာနေ့ကစတင်ခဲ့သည်။

ယင်း ရေဒီယို တယ်လီစကုပ်ကြီးသည် Square Kilometre Array (SKA) အမျိုးအစားဖြစ်ကာ ၂၀၂၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်သည်။

အဆိုပါတယ်လီစကုပ်ကြီးကိုအသုံးပြု၍ စကြာဝဠာနှင့်ပတ်သက်သည့် သိပ္ပံပညာရှင်တို့သိလိုသော မေးခွန်းများကို ရှင်းလင်းဖြေကြားပေးနိုင်မည်ဖြစ်ပြီး အိုင်းစတိုင်း၏ သီအိုရီများကို အတိကျဆုံးစမ်းသပ်မှုများပြုလုပ်နိုင်မည်ဖြစ်ကာ၊ ကမ္ဘာနှင့်အလားတူဂြိုဟ်များကိုလည်း ရှာဖွေနိုင်မည်ဖြစ်သည်။

ယခု ပူးပေါင်းတည်ဆောက်သော အဖွဲ့ဝင်နိုင်ငံများမှာ တောင်အာဖရိက၊ သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီနှင့် ဆွစ်ဇာလန်တို့ ဖြစ်ကြသည်။

ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို တောင်အာဖရိကနှင့် သြစတြေးလျနိုင်ငံများတွင် နှစ်နေရာခွဲ၍ တည်ဆောက်မည်ဖြစ်ပြီး၊ ထိန်းချုပ်ရာဌာနမှာ ဗြိတိန်တွင်တည်ရှိမည်ဖြစ်သည်။

Ref: SKA: Construction to begin on world’s biggest telescope(BBC)


LEAVE A REPLY

Please enter your comment!
Please enter your name here