ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် (၃) ဦးကို နှစ်ရှည်ထောင်‌ဒဏ်များ ချမှတ်

0
404

အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲခံထားရသည့် နစကလက်ထက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါ အဝင် တိုင်းအစိုးရအဖွဲ့ဝင်ဟောင်း (၃) ဦးအား အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်းဦးလှစိုးကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထောင် ဒဏ် ၁၅နှစ် ၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၂၀ နှစ် ၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဟောင်းဦးစိုးစိုးဇော်ကို ပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြော င်း သိရသည်။

အဆိုပါ (၃) ဦးသည် ၂၀၂၁ ခုနှစ် ဩဂုတ်လက အသစ်ခန့်အပ်ခဲ့သည့် တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ တာဝ န်ရှိသူများဖြစ်ကာ အဂတိလိုက်စားမှု ကျူးလွန်သည်ဟုဆိုကာ အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး စီးပွားရေး ဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို မတ်လအတွင်း၌လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်ကို ၂၀၂၂ ခုနှစ် မေလအတွင်း၌လည်းကောင်းအသီးသီးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးသည် မြေနေရာချထားပေးရေးကိစ္စများတွင် တိုင်းဒေသကြီး စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးထံမှ ငွေကျပ် သိန်း ၂၅၀၀ လာဘ်စားခဲ့ပြီး မြေကွက် ရောင်းချရေး ကိစ္စများတွင် နည်းမှန်လမ်းမှန် မဆောင်ရွက်သည့်အတွက် အရေးယူခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးအနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ မြေကွက်လျှောက်ထားရေးနှင့်ပတ်သက်၍ လာဘ်ငွေသိ န်း ၅၀၀၀ ရယူခဲ့သည့်အတွက် အမှုဖွင့်အရေးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်မှာ မြောက်ဒဂုံမြို့နယ်မှ မြေ (၃၂) ဧကကို အငြိမ်းစားဝန်ထမ်းတစ်ဦး၏ အမည်ဖြင့် ဂရန်ရရှိရေး ကူညီပေးသည့်အပြင် အဆိုပါ မြေအား ပြန်လည်ရောင်းချပါက အကျိုး အမြတ်၏ (၂၀) ရာခိုင်နှုန်းကိုရယူရန် သဘောတူညီမှု ရ ယူခဲ့သည့်အတွက် အရေးယူခြင်း ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပြီးဖြ စ်သည်။

၎င်းတို့ (၃) ဦးအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာ (၈) ရက် နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here