ဗီယက်နမ်သည် ၎င်း၏ ပထမဆုံး နိုင်ငံတကာ လက်နက်ပြပွဲကို ဟနွိုင်းတွင် ကျင်းပ

0
196

ဟနွိုင်း၊ ဒီဇင်ဘာ ၈

ဗီယက်နမ်နိုင်ငံသည် ၎င်း၏ လက်နက်ရင်းမြစ်များကို နိုင်ငံအမျိုးမျိုးမှ ရယူနိုင်ရန်အပြင် ၎င်းထုတ် လက်နက်ကိရိယာများကိုပါ အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန် ကြိုးပမ်းလာသည်နှင့်အမျှ ၎င်း၏ ပထမဆုံး အကြီးစား နိုင်ငံတကာ လက်နက်ပြပွဲကို ဒီဇင်ဘာလ ၈ ရက် ကြာသပတေးနေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ပြပွဲကို ဟနွိုင်းမြို့ရှိ လေဆိပ်တွင် သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး အမေရိက၊ ရုရှားနှင့် ဥရောပနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၀ မှ ပြပွဲတင်သူများက လက်နက်များကို ပါဝင်ချပြခဲ့ကြသည်။

“ဒီပြပွဲဟာ သမားရိုးကျနဲ့ နျူလက်နက်အသုံးပြုလာနိုင်တဲ့ စိန်ခေါ်မှုတွေ မြင့်တက်လာနေတဲ့အချိန်မှာ နိုင်ငံနှင့် လူမျိုးကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ ကာကွယ်ရေးပစ္စည်းတွေ ဝယ်ယူနိုင်မယ့် နေရာအရင်းအမြစ်တွေကိုစုံ လင်သွားအောင် ကူညီပေးမှာပါ” ဟု ဗီယက်နမ် ဝန်ကြီးချုပ် ဖန်မင်းချင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ဗီယက်နမ်သည် ၎င်း၏ အဓိက လက်နက်ထောက်ပံ့သူဖြစ်သော ရုရှားအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေသောကြောင့် ကာကွယ်ရေးအပိုင်းတွင် အခြားနိုင်ငံများမှ လက်နက်ဝယ်ယူနိုင်ရန် အာရုံစိုက်နေကြောင်း အရာရှိများနှင့် လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

Source: Inquirer.Net


LEAVE A REPLY

Please enter your comment!
Please enter your name here