မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ

0
223

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့်တွေ့ဆုံစဥ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan ကဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မှ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan အား ဒီဇင်ဘာ ၈ ရက်နံနက် ၁၀ နာရီက လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆိုင်ရာဆက်စပ်နေသည့် ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့်မိတ်ဝတ်မပျက် ပူး ပေါင်းဆောင်ရွက်နေမှု၊ကုလသမဂ္ဂအဖွဲ့ အစည်းများမှနိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာများကို စီစဉ်ဆောင်ရွက်ပေးမှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ယင်း လုပ်ငန်းများအဆင်ပြေစေရေး ဆောင်ရွက်ရန်လိုအပ်သည့် နည်းလမ်းများ၊ကုလ သမဂ္ဂအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကိုဆွေးနွေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိ နှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင် ရာယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan ကလည်း မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုနှင့်ဆက်လက်ပူး ပေါင်းဆောင်ရွက်မည့် အခြေအနေများကိုဆွေး နွေးခဲ့သည်။

တွေ့ဆုံပွဲသို့ ဒု-ဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်၊ဒေါက်တာမျိုးသန့်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here