တရုတ်၏စွမ်းအင်မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဟုဆော်ဒီပြော

0
310

ရီယာဒ်၊ဒီဇင်ဘာ ၇

ဆော်ဒီစွမ်းအင်ဝန်ကြီး အဗ္ဗဒူလာဇီဘင်‌ဆယ်လ်မန်က ဆော်ဒီသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသော စွမ်းအင်မိတ်ဖက်အဖြစ် ဆက်လက်ရှိနေမည်ဟုပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SPA ကပြောကြားခဲ့သည်။

ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူဆော်ဒီနှင့် ကမ္ဘာ့အဓိကရေနံတင်သွင်းသူတရုတ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ရေနံဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်ကူညီပေးနိုင်ကြောင်း မင်းသားဆယ်လ်မန်ကပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနှင့်တရုတ်တို့သည် တရုတ်စက်ရုံများအတွက် ပင်လယ်ကွေ့အာရပ်ပြည်နယ်တွင် ဒေသဆိုင်ရာဗဟိုချက်တစ်ခု ထူထောင်ခြင်းဖြင့် စွမ်းအင်ထောက်ပံ့ရေး၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here