လျော်ကြေးငွေဘတ် ၄ သောင်းရရှိမည့် မြန်မာနိုင်ငံသူ မနေခိုင်အား နစ်နာကြေးထုတ်ယူနိုင်ရန် မြန်မာသံရုံးဆက်သွယ်ကူညီပေးနိုင်ခဲ့

0
284

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရာမှ စမွတ်ဆာခွန်ခရိုင်တရားရုံး၌ အမှုရင် ဆိုင်ခဲ့ရပြီးနောက်လျော်ကြေးငွေ ဘတ် ၄ သောင်း နစ်နာကြေးထုတ်ယူနိုင်ရန် မြန်မာနိုင်ငံသူ မနေခိုင်အား မြန်မာသံရုံးက ဆက်သွယ်ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

မနေခိုင်သည် စမွတ်ဆာခွန်ခရိုင်တရားရုံး၌ “မနေခိုင်နှင့်တစ်ပါးသူတစ်ဦးဖြစ်ခဲ့သောအမှုတွဲ”အားရင်ဆိုင်ခဲ့ရပြီးနောက် နစ်နာသူအတွက်လျော်ကြေးဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးသို့ တင်သွင်းခဲ့ရာ မနေခိုင်သို့ လျော်ကြေးငွေ ဘတ် ၄၀၀၀၀ ပေးရန် အတည်ပြုဆုံးဖြတ်ခဲ့သည့်အတွက် မနေခိုင်အား ငွေလက်ခံထုတ်ယူနိုင်ရန် ၎င်းကိုယ်တိုင်လာရောက်လျှောက်လွှာတင်ထုတ်ယူခြင်း(သို့)မြန်မာသံရုံးမှ ကိုယ်စားလှယ်တစ်ဦးအားလွှဲအပ်၍ ကိုယ်စားဆောင်ရွက်နိုင်ခြင်းကို Mr. Viroj Buangern ၊ ညွှန်ကြားရေးမှူး၊ ခရိုင်ကျင့်ဝတ်ထိန်းသိမ်းရေးဌာန၊စမွတ်ဆာခွန်ခရိုင်ဥပဒေရေးရာရုံးမှ မြန်မာသံရုံး(ဘန်ကောက်)သို့ အကြောင်းကြားခဲ့သည်။

ထို့ကြောင့် မြန်မာသံရုံးမှ မနေခိုင်အား ဆက်သွယ်ရာ ဆက်သွယ်၍မရသဖြင့် Myanmar Embassy Bangkok (Facebook-Page) မှတစ်ဆင့် မနေခိုင်၏ နစ်နာကြေးထုတ်ယူရေးနှင့် ပတ်သက်၍ အဆက်အသွယ်ရရှိရန်အတွက် အကူအညီတောင်းခံခဲ့ရာ တာဝန်သိမြန်မာနိုင်ငံသားတစ်ဉီး၏ ဆက်သွယ်ပေးမူကြောင့် မနေခိုင်၏ ဖခင် ဉီးမောင်ဟင်း (ခေါဇာမြို့၊ ရေးမြို့နယ်) နှင့်လည်းကောင်း၊ မနေခိုင် (မလေးရှား) နှင့် လည်းကောင်း Video Call ဖြင့် မြန်မာသံရုံးမှ ဆက်သွယ်မှုရရှိခဲ့သည်။

မြန်မာသံရုံးအနေဖြင့် မနေခိုင်၏ သဘောတူညီချက်အရ လျော်ကြေးငွေထုတ်ယူရရှိရေး ဆောင်ရွက်ပြီးနောက် ဉီးမောင်ဟင်း (ဖခင်) ထံ ပေးပို့သွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here