ရုရှားနှင့် အကျဉ်းသား လဲလှယ်ရာမှလွတ်မြောက်လာသည့် အမေရိကန် ဘတ်စကက်ဘော ကစားသမား ဘရစ်တနီ ဂရိုင်နာ

0
153

ရုရှားသည် အကျဉ်းချထားသော အမေရိကန် ဘတ်စကက်ဘော ကစားသမား ဘရစ်တနီ ဂရိုင်နာကို နာမည်ဆိုးနှင့် ကျော်ကြားသော ရုရှား လက်နက်ကုန်သည် ဗစ်တာဘော့နှင့် ဒီဇင်ဘာလ ၉ ရက် ကြာသပတေးနေ့တွင် လဲလှယ်၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

သေမင်းကုန်သည်ဟု လူသိများသော ဗစ်တာသည် ကမ္ဘာ့အလိုရှိဆုံး လက်နက်‌ မှောင်ခိုကုန်သည်တစ်ဦးဖြစ်ပြီး အမေရိက အကျဉ်းထောင်တွင် ၁၂ နှစ်ကြာ ထိန်းသိမ်းခံထားရသူဖြစ်သည်။

ဘိုင်ဒင်သည် မူးယစ်ဆေးဝါးမှုဖြင့် ရုရှားတွင် ၁၀ လနီးပါး အကျဉ်းချခံထားရသော ဂရိုင်နာ၏ ပြန်လည် လွတ်မြောက်ရေးကို ထိပ်တန်း ဦးစားပေးအဖြစ် အဘူဒါဘီမြို့တွင် လဲလှယ်ခဲ့သည်။

“သူ ဘေးကင်းလုံခြုံပါတယ်၊ ရုရှားမှာ လနဲ့ချီ ပြီးမတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး အခုတော့ အိမ်ပြန်လမ်းပေါ် ရောက်ရှိနေပါပြီ၊ သူချစ်တဲ့သူတွေရဲ့ ရင်ခွင်ထဲကို မကြာခင် ပြန်လည်ရောက်ရှိတော့မှာ ဖြစ်ပြီး ဒီလိုဖြစ်သင့်နေတာ ကြာပါပြီ” ဟု ဘိုင်ဒင်က အိမ်ဖြူတော်မှ မိန့်ခွန်းပြောရာတွင် ပြောကြားခဲ့သည်။

ထိုအကျဉ်းသားလဲလှယ်မှုတွင် ဘရစ်တနီ လွတ်မြောက်လာခဲ့သော်လည်း သူလျှိုလုပ်မှုဖြင့် ၂၀၁၈ ခုနှစ်ကတည်းက ထောင်ချခံထားရသော မီကျီဂန် လုံခြုံရေး အမှုဆောင်အရာရှိ ပေါလ် ဝီလန် ကမှု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း မရှိပေ။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here